ပြည်ထောင်စုနေ့နီးကပ်လာသဖြင့် ရန်ကုန်မြို့လုံခြံုရေးတိုးမြှင့်

ပြည်ထောင်စုနေ့နီးကပ်လာသဖြင့် ရန်ကုန်မြို့လုံခြံုရေးတိုးမြှင့်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၇ ။            ။ ပြည်ထောင်စုနေ့ နီးကပ်လာသည့်အတွက် ရန်ကုန်မြို့တွင်း ၅မြို့နယ်မှ ရဲစခန်းများပူးပေါင်းပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်း၊ စက်ဘီးလှည့်ကင်းများနှင့် မီးတန်းယာဉ်များကို ယခင်ကထက် ပိုပြီးတိုးမြှင့်ဆောင်ရွက်နေခြင်းဖြစ်သည်။ အထူးသဖြင့် လူစည်ကားရာနေရာများကို အဓိကထားပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေသည်။

“ရဲအလုပ်ကတော့ပုံမှန်အလုပ်ပဲပေ့ါ။ ဒီဘက်ပိုင်းကတေ့ာ ပိုပြီးတိုးမြှင့်ဆောင်ရွက်နေတာပေ့ါ။ ဒီပန်းခြံ(မဟာဗန္ဓုလပန်းခြံ)က အထင်ကရနေရာလည်းဖြစ်တဲ့အပြင် ပြည်ထောင်စုပွဲကလည်း နီးလာပြီဖြစ်တဲ့အတွက်ပိုပြီးတော့ တိုးမြှင့် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ နေ့ရောညရော တောက်လျှောက် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်” ဟု ကျောက်တံတားမြို့မရဲစခန်းမှ မြို့နယ်မှူး ရဲမှူးတင်ထွဋ်ကပြောသည်။

ယင်းကဲ့သို့ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရာတွင် ယခင်ကထက် ပြည်သူများ ပိုမိုပူပေါင်းပါဝင်လာသည်ဟု ရဲမှူးတင်ထွဋ်ကပြောသည်။

“ပြည်သူတွေက နောက်ပိုင်းတော့ ပူးပေါင်းဆောင်ရွက်လာပါတယ်။ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး အပါအဝင် ကျန်တဲ့လူမှုရေးပိုင်းက Public အဖွဲ့တွေရော ပူပေါင်းပြီးဆောင်ရွက်တာ  များပါတယ်။
အကုန်လုံးဆောင်ရွက်ပေးကြပါတယ်” ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၆အတွင်း အမှုကြီး၄၆၉ မှုနှင့် အခြားအမှုပေါင်း ၅သောင်း ကျော် ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly