ကရင်အမျိုးသမီးများ နေ့စဉ်ကြံုနေရသည့် အခက်အခဲများဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ကရင်အမျိုးသမီးများ နှီးနှောဖလှယ်ပွဲ ကျင်းပ

ကရင်အမျိုးသမီးများ နေ့စဉ်ကြံုနေရသည့် အခက်အခဲများဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ကရင်အမျိုးသမီးများ နှီးနှောဖလှယ်ပွဲ ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ။             ။ ကရင်အမျိုးသမီးများ နေ့စဉ်ကြုံနေရသည့်အခက်အခဲများဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ကရင်အမျိုးသမီးများ နှီးနှောဖလှယ်ပွဲကို ကရင်ပြည်နယ် လေးဝါး(လော်ခီးဝါး)၌   ဖေဖော်ဝါရီ ၂ရက် နှင့် ၃ရက်က ကျင်းပခဲ့သည်။

အဆိုပါနှီးနှောဖလှယ်ပွဲတွင် ကရင်အမျိုးသမီးများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန် နှင့် အဖွဲ့အစည်းများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုအားကောင်းရန် စသည့် အချက် ၃ချက်ကို ဆုံးဖြတ်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၆ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဥပဒေနှင့်အညီ စည်းရုံးရေးမျာ လုပ်ဆောင်ခြင်းတို့တွင် အမျိုးသမီးများ၏ ကဏ္ဍပိုအားကောင်းလာစေရန်၊   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေသော ကရင်အမျိုးသမီးများအချင်းချင်း အကူအညီပေးနိုင်ရန်နှင့် ယခုထက်ပိုမိုပါဝင်နိုင်ရန် လုပ်ဆောင်နိုင်ရန်တို့ ပါဝင်သည်။

နောက်ဆုံးအချက်မှာ  လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝရရှိရေး၊ မြေယာပိုင်ဆိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် ဒုက္ခသည်များ ပြန်လည်နေရာချရေးနှင့် ဘဝပြန်လည်ထူထောင်ရေးကဏ္ဍတို့တွင် ကရင်အမျိုးသမီးများ ပါဝင်နိုင်ရေးကိုလည်း နှီးနှောဖလှယ်ပွဲမှ ဆုံးဖြတ်ခဲ့သည်။

ထိုဆွေးနွေးပွဲကို ကရင်အမျိုးသမီးအစည်းအရုံး(KOW)က ဦးဆောင်ပြုလုပ်ခဲ့ပြီး ကရင်အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ကရင်အမျိုးသမီးအဖွဲ့အစည်း၊ တသီးပုဂ္ဂလအမျိုးသမီး ကိုယ်စားလှယ်များနှင့် လူအခွင့်အရေးလှုပ်ရှားသူများအပြင် ကျေးရွာအမျိုးသမီးသူကြီးများ အပါအဝင် ကရင်အမျိုးသမီး ၉၇ဦး တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly