မြန်မာနိုင်ငံမှ အသက်အငယ်ဆုံး အလှမောင်၊မယ်များ ယှဉ်ပြိုင်သည့် International Prince & Princess ပြိုင်ပွဲ စတင်

မြန်မာနိုင်ငံမှ အသက်အငယ်ဆုံး အလှမောင်၊မယ်များ ယှဉ်ပြိုင်သည့် International Prince & Princess ပြိုင်ပွဲ စတင်
INTERNATIONAL PRINCE & PRINCESS 2015 ပြိုင်ပွဲသို့  မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်သူများ။

ရန်ကုန် ၊ ဇူလိုင် ၂၄ ။      ။ International Prince & Princess 2015 ပြိုင်ပွဲကို စင်ကာပူ နိုင်ငံ Orchid Country Club တွင် ဇူလိုင် ၂၄ရက် ၌ စတင် ကျင်းပပြုလုပ်ကာ ပြိုင်ပွဲဝင်များမှ ဝတ်စုံ ငါးစုံဖြင့် ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး ဖိုင်နယ် ပြိုင်ပွဲကို ဇူလိုင် ၂၅ရက်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည်။

ထို ပြိုင်ပွဲကိုမြန်မာနိုင်ငံမှ အသက်အငယ်ဆုံး အလှမောင်မယ်များ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး Style Plus H သင်တန်းကျောင်း မှ ပထမဆုံး အကြိမ် စေလွှတ်ခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင်များအတွက် ဇူလိုင် ၂၃ရက်တွင် စင်ကာပူ နိုင်ငံရှိ Orchid Country Club ၌ အစမ်းလေ့ကျင့် မူပြုလုပ်ခဲ့သည်။

ဇူလိုင် ၂၄ရက်တွင် ပြုလုပ်သည့် Prince& Princess International 2015 ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များမှ ကျောင်း ဝတ်စုံ ဖြင့် Interview ၊ ရေကူး ဝတ်စုံဖြင့် ဓာတ်ပုံ ရိုက်ကူးခြင်း ၊ အမျိုးသား ဝတ်စုံ ၊ ညနခင်း ဝတ်စုံ ၊ Pajamas party တို့ဖြင့် နေ့လည် ၁နာရီ မှ ည ၁၁နာရီ အထိ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

International Prince & Princess   2015 ပြိုင်ပွဲတွင် ပါဝင်သည့် Mini Miss ပြိုင်ပွဲ၌ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် အသက် ၄နှစ်ခွဲ ရှိသည့် Mini Miss Myanmar အဖြစ် ချစ်ချစ်တုန် ၊ Little Miss Myanmar 2015 ရှင်းသန့်ဖြူစင် ၊ Little Mister Myanmar 2015 ဇွဲသူရိန် ၊ Junior Mister Myanmar 2015 လရောင် လင်း (ခေါ်) Thomas Tun ၊ Miss Teen Myanmar 2015 မေနန္ဒာကျော် ၊ Mr. Teen Myanmar ဟိန်းမင်းသူ တို့က ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

ပြိုင်ပွဲများ ယှဉ်ပြိုင်နေရာ  ဇူလိုင် ၂၄ ရက် နေ့လည်ပိုင်း အချိန်ထိ ရှင်းသန့်ဖြူ စင် က  Best Portfolio ဆုရရှိ ထားသည်။

International Prince & Princess   2015 ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ဝတ်စုံ ၊ ညနေခင်း ဝတ်စုံ ၊ ကျောင်း ဝတ်စုံ ၊ အားကစား ဝတ်စုံတို့ အပြင် Talent Show ဖြင့် ယှဉ်ပြိုင် ကြရမည် ဖြစ်ပြီး Miss Teen Myanmar 2015 မေနန္ဒာကျော် က မြန်မာအကဖြင့် ကပြမည် ဖြစ်သည်။

ထိုပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ကြမည့် ပြိုင်ပွဲဝင်များသည် ဇူလိုင် ၂၁ရက် နှင့် ၂၂ရက် တို့တွင် စင်္ကာပူ နိုင်ငံသို့ သွားရောက် ခဲ့ကြပြီး ဇူလိုင် ၂၇ရက်တွင် မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိ မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly