နှစ်စဉ်ပေးအပ်နေကျ ဗြိတိန်ပေါ့ပ်ဂီတဆုပေးပွဲ၌ အဆိုတော် Ed Sheeran ဖျော်ဖြေမည်

နှစ်စဉ်ပေးအပ်နေကျ ဗြိတိန်ပေါ့ပ်ဂီတဆုပေးပွဲ၌ အဆိုတော် Ed Sheeran ဖျော်ဖြေမည်

ယခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့၌ ကျင်းပမည့် ဗြိတိန်ပေါ့ပ်ဂီတဆုပေးပွဲ၌ နာမည်ကျော်အဆိုတော် Ed Sheeran ဖျော်ဖြေမည်ဟု ကြေညာခဲ့ကြောင်း သိရပါသည်။

အသက်၂၅ အရွယ်ရှိ အဆိုတော် Ed သည် Little Mix၊ Emeli Sande’၊ The 1975၊ Bruno Mars နှင့် Skepta တို့နှင့်အတူ လာမည့်ဖေဖေါ်ဝါရီ ၂၂ရက်နေ့တွင် ဖျော်ဖြေသွားမည်ဖြစ်သည်။

Ed သည် ဗိတိန်ပေါ့ပ်ဂီတဆုပေးပွဲနှင့် အစကတည်းက ရင်းနှီးပြီးသားဖြစ်ပြီး ထိုဆုပေးပွဲမှလည်း သူကိုယ်တိုင်ဆု ပေါင်း ၄ဆုတိတိ ဆွတ်ခူးထားနိုင်ခဲ့သည်။ ဂီတလောကနှင့် ကင်းဝေးတာကြာပြီဖြစ်သော Ed သည် မကြာသေးခင် ကမှ သူ၏သီချင်းသစ်နှစ်ပုဒ်ဖြစ်သည့် Shape Of You နှင့် Castle On the Hill တို့ကို နောက်ဆုံးအနေဖြင့် ထွက်ရှိထားသည်။

ထိုသီချင်းနှစ်ပုဒ်ကြောင့် Ed သည် ဗြိတိန်သီချင်းဇယား၌ အဆင့် ၁ နှင့်၂နေရာကို တပြိုင်နက်တည်း သိမ်းပိုက်နိုင်ခဲ့သော ပထမဦးဆုံး အဆိုတော်တစ်ဦးဖြစ်ခဲ့သည်။ သူ၏တတိယမြောက် စတူဒီယိုအယ်လ်ဘမ် '÷' အားလာမည့် မတ်လ ၃ရက်နေ့တွင် ဖြန့်ချီမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်ပေါ့ပ်ဂီတဆုပေးပွဲ၏ ဥက္ကဌဖြစ်သူ ဂျေဆန်အိုင်လေက “Ed ဟာကမ္ဘာပေါ်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးနှင့် တီထွင်ဖန်တီးနိုင်စွမ်းရှိသော အဆိုတော်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်သွားနိုင်မှာပါ”ဟု ပြောခဲ့သည်။

ယခုနှစ်ဗြိတိန်ပေါ့ပ်ဂီတဆုပေးပွဲသည် ၃၇ကြိမ်မြောက်ဆုပေးပွဲဖြစ်ပြီး O2 အားကစားကွင်းကြီး၌ကျင်းပသွား မည်ဖြစ်ကာ အဆိုတော် Skepta နှင့် Little Mix တို့မှ ဆုပေါင်း၃ဆုအတွက် လျာထားခြင်းခံရပြီး ထိပ်ဆုံးမှ ဦးဆောင်နေပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly