မြန်မာဆက်သွယ်ရေး ၀န်ဆောင်မှုမြန်ဆန် လာစေရေး Benchachinda Group က လုပ်ငန်းစတင်

မြန်မာဆက်သွယ်ရေး ၀န်ဆောင်မှုမြန်ဆန် လာစေရေး Benchachinda Group က လုပ်ငန်းစတင်

ဇူလိုင် ၂၄ ရက် ။     ။ Benchachinda Group သည် မြန်မာနိုင်ငံတွင် လုပ်ငန်းချဲ့ထွင်ရန် စီစဉ်နေပြီး အခြားကုမ္ပဏီ သုံးခု၊ပြည် တွင်း လုပ်ငန်း မိတ်ဖက်တစ်ခုတို့နှင့် ပူးပေါင်း၍ ကျယ်ပြန့်သည့် မြန်နှုံးမြင့် ဝန်ဆောင်မှုဖြင့် ဆက်သွယ်ရေးလုပ်ငန်းများ တိုးတက် ရန် Myanmar Information Highway Limited (MIH) ကို တည်ထောင်လိုက်ပြီဖြစ်သည်။

ပူးတွဲလုပ်ငန်းတွင် United Information Highway (UIH) ၊ ALT Telecom ၊ United Distribution Solution ၊ A&F Communication နှင့် မြန်မာပြည်တွင်းလုပ်ငန်းမိတ်ဖက်တစ်ဦးတို့ ပါဝင်သည်။

ထိုင်းနိုင်ငံတွင် နှစ် ၂၀ ကျော် အတွေ့အကြုံရှိသည့် UIH ၏ မြန်နှုံးမြင့်ဝန်ဆောင်မှုလုပ်ငန်းကျွမ်းကျင်မှု၊ Benchachinda Group ၏ ထိပ်တန်း ကုမ္ပဏီပါတနာများ၏ အဆင့်မြင့်နည်းပညာ၊ မြန်မာပြည်တွင်းမိတ်ဖက်၏ လုပ်ငန်းအတွေ့အကြုံ တို့နှင့် ပေါင်းစပ် သွားမည်ဖြစ်သည်။

MIH ၏ လုပ်ငန်းတာဝန်မှာ စွမ်းဆောင်ရည်မြင့် မြန်နှုန်းမြင့် အချက်အလက်ဆက်သွယ်မှုတည်ဆောက်ပြီး မြန်မာနိုင်ငံ၏ ဝယ်လို အားကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။

"MIH က မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးမှာပါ။ လောလောဆယ်မှာ MIH ဟာ ရန်ကုန် လျှပ်စစ်ဓါတ် အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းဆီကနေ fibre-optic ကွန်ရက်ချဖို့ ရရှိထားပြီ ဖြစ်ပါတယ်။" ဟု Benchachinda Group ဥက္ကဋ္ဌ ဝီချိုင်းဘင်ချာရောင်ကူလ်က ပြောသည်။

MIHသည်မြန်မာနိုင်ငံတွင် "အဆင့်မြင့်မြန်နှုန်းမြင့်ဝန်ဆောင်မှုလုပ်ငန်းဦးဆောင်ဆောင်ရွက်သူ"ဖြစ်လာရန် ရည်မှန်းထားကြောင်း လည်း ဝီချိုင်းကပြောသည်။ MIH သည် မြန်မာတွင် မြန်နှုန်းမြင့်ဆက်သွယ်ရေးအတွက် အခြေခံ အဆောက်အဦတည်ဆောက် မည်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် တူညီသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးမည်ဆိုသည်။

ရင်းနှီးမြုပ်နှံမှု ပထမနှစ်၌ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်းများကို ရန်ကုန်တွင်ပြုလုပ်မည်ဖြစ်ပြီး၊ အခြားစီးပွားရေး မြို့ကြီးများ သို့လည်း ချဲ့ထွင်သွားမည်ဟု သိရသည်။

MIH ၏ အဓိကဖောက်သည်အုပ်စုများမှာ စက်မှုထုတ်ကုန်လုပ်ငန်းကြီးများ၊ ဝန်ဆောင်မှုလုပ်ငန်းများ (အထူးသဖြင့်) ကြယ်သုံးပွင့် မှကြယ်ငါးပွင့်အဆင့် ဟိုတယ်များ၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ဘဏ်များ၊ လက်လီဆိုင်ကြီးများ၊ စက်မှုအဆောက်အဦ များနှင့် အိမ်ထောင်စုဝင်များ ဖြစ်သည်။

မြန်ဆန်ထိရောက်သော ဆက်သွယ်ရေးမှာ မရှိမဖြစ် လိုအပ်သည်ကို ယင်းအုပ်စုများအနေဖြင့် မကြာခင်သိရှိမည်ဟု ယုံကြည်ကြောင်း ထိုင်းနိုင်ငံ၌ ရင်းနှီးမြုပ်နံှနေသူ Benchachinda Group ဥက္ကဌ ဝီချိုင်းက ပြောသည်။

ထို့အပြင် နိုင်ငံတကာနှင့် ဆက်သွယ်မှုနှင့် အင်တာနက်ဝန်ဆောင်မှုများ လွယ်ကူချောမွေ့ရေးအတွက်လည်း MIH၊ UIH တို့အကြားလည်း အပြန်အလှန်ချိတ်ဆက် ဆောင်ရွက်သွားရန် စီစဉ်ထားသည်သိရသည်။

Ref; The Nation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly