မဲရုံမှုးနှင့် ဒုတိယ မဲရုံမှုးများကို ပညာရေး ၀န်ကြီးဌာန၏ လုပ်သက်အတွေ့အကြံုများသူကို ဦးစားပေး ခန့်မည်

မဲရုံမှုးနှင့် ဒုတိယ မဲရုံမှုးများကို ပညာရေး ၀န်ကြီးဌာန၏ လုပ်သက်အတွေ့အကြံုများသူကို ဦးစားပေး ခန့်မည်
ဓာတ်ပုံ - အီးပီအေ

မန္တလေး၊ ဇူလိုင် ၂၄ ။       ။ မဲရုံများ အတွက်  မဲရုံမှူးနှင့် ဒုတိယ မဲရုံမှူးကို ပညာရေးဝန်ကြီးဌာနမှ အမှုထမ်း လုပ်သက်ရင့် အတွေ့အကြုံရှိ သူများကို ဦးစားပေးပြီးခန့်အပ်သွား မည်ဟု မန္တလေး ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ရွေးကောက်ပွဲ အရာရှိ ဦးတင်မင်းအေးကပြောသည်။

မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ခန့်ထားနိုင်ရေးအတွက် မန္တလေးခရိုင်ရွေးကောက်ပွဲမရှင်အဖွဲ့ခွဲ မှမြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများသို့  ဇူလိုင် ၂၄ ရက်တွင် ညွှန်ကြားစာ ထုတ်ပေးမည်ဟုလည်း ဦးတင်မင်းအေးကပြောသည်။

လက်ရှိ ကြေညာထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းနှင့် နောက်ထပ် အတိုးအလျော့ရှိမည့် မဲဆန္ဒရှင် စာရင်းများနှင့် လျာထားပြီး ကြိုတင်၍ မဲရုံအဖွဲ့ဝင်များ ဖွဲ့စည်းနိုင်စေရန် ယင်းကဲ့သို့ စာထုတ်ပေးခြင်းဖြစ်သည် ဟုလည်းဦးတင်မင်းအေးကပြော သည်။                                                                       

၎င်းက ``မဲဆန္ဒရှင်တွေ အတိုးအလျော့ရှိအုံးမှာဖြစ်တဲ့အတွက် မဲရုံအဖွဲ့ဝင်အင်အားအတည်ဖြစ်ဖို့ လတ်တ လောမလွယ်သေးပါ ဘူး ``ဟု ၎င်းကဆိုသည်။

ထို့ပြင် အဆိုပါညွန်ကြားစာ၌ မဲရုံအဖွဲ့ဝင်များခန့်ထားရာတွင် ပါတီနိုင်ငံရေးကင်း ရှင်းပြီး အများပြည်သူ ယုံကြည်လေးစားခြင်း ခံရသူများကို မဲရုံအဖွဲ့ဝင်များခန့် ထားရန်ပါဝင်ကြောင်းလည်း ခရိုင်ကော်မရှင်ထံက သိရသည်။

ကြေညာပြီးသည့် အခြေခံမဲန္ဒရှင်စာရင်းတွင် မန္တလေးခရိုင်အနေဖြင့် မဲဆန္ဒရှင်ပေါင်း ၉၄၄၀၀၀ ကျော် ရှိပြီး ယင်းစာရင်းကို အခြေခံပြီး သတ်မှတ်ထားသည့် မဲရုံစုစုပေါင်း ၆၃၈ ရုံ  ရှိကြောင်း ခရိုင် ရွေးကောက်ပွဲမရှင်ထံက သိရသည်။ မဲရုံတစ်ရုံတွင် လူဦးရေ ၃၀၀ မှ ၃၀၀၀ အထိ မဲပေးနိုင်သည်။

ဦးတင်မင်းအေးက  ``တောင်းဆို၊ပြင်ဆင် ကန့်ကွက်တာတွေကို ဖြည့်စွက်ပြီး ထပ်တိုးလာမည့် အင်အား ကိုမှုတည်ပြီးတော့ မဲရုံတွေ ထပ်ပြီးတော့တိုးချုဲ့သွားဖို့ရှိပါတယ်``ဟု  ပြေသည်။                 

မန္တလေးခရိုင်တွင် အောင်မြေသာစံ၊ချမ်အေးသာစံ၊မဟာအောင်မြေ၊ချမ်းမြသာစည်၊ပုသိမ်ကြီး၊ပြည်ကြီး တံခွန်၊အမရပူရမြို့နယ် များဖြင့် ခုနှစ်မြို့နယ်ဖွဲ့စည်ထားသည်။

အောင်မြေသာစံမြို့နယ်မှ ရွေးကောက်ပွဲဦးစီး အရာရှိ ဒေါ်နှင်းနှင်းက `` နောက်ဆုံးမဲစာရင်းကြေညာတဲ့ အခါကျရင် ဘယ်မဲရုံတွေ ဘယ်သူတွေပါတယ်ဆိုတာ မဲရုံအလိုက်ခွဲပြီးတော့ ကြေညာပေးမှာပါရှင့် ``ဟု ပြောသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ပါတီများက ကိုယ်စားလှယ်လောင်း များအမည်စာရင်း တင်သွင်းရန် ဆောင်ရွက်နေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly