အမေရိကန် Box Office ရုံဝင်ငွေဇယား၌ အောင်ပွဲခံနေဆဲဖြစ်သော Split ဇာတ်ကား

အမေရိကန် Box Office ရုံဝင်ငွေဇယား၌ အောင်ပွဲခံနေဆဲဖြစ်သော Split ဇာတ်ကား

ပြီးခဲ့သောစနေ၊ တနင်္ဂနွေပိတ်ရက်အတွင်း Box Office ဇယားရပ်တည်မှုတွင် ယူနီဗာဆယ်မှ ထုတ်လုပ်သော Split ဇာတ်ကားသည် ဇယား၏ ထိပ်ဆုံးနေရာ၌ ဆက်လက်အောင်ပွဲခံရပ်တည်နေပြီး ရုံဝင်ငွေဒေါ်လာ ၁၄.၆ သန်းရရှိခဲ့ပါသည်။ စရိုက်လက္ခဏာမျိုးစုံကို ပြောင်းလဲခံစားနေရသော စိတ္တဇတစ်ယောက်အကြောင်း ရိုက်ကူး ထားသည့် Split ဇာတ်ကားသည် ကုန်ကျငွေဒေါ်လာ ၉သန်းသာရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းရုံဝင်ငွေ ၁၄၂သန်းခန့်ရရှိခဲ့ သောကြောင့် အမြတ်များသော ရုပ်ရှင်တစ်ကားဖြစ်နေပါသည်။ Split ဇာတ်ကားအား The Sixth Senses ဒါရိုက်တာနိုက်ရှာမာလန်က ရိုက်ကူးထားပြီး မင်းသားဂျိမ်းစ်မက်ကဗွိုင်းက ခေါင်းဆောင်ပါဝင်ထားပါသည်။

ဇယား၏ဒုတိယနေရာမှ Rings ဇာတ်ကားက ရုံဝင်ငွေဒေါ်လာ၁၃သန်း ရရှိခဲ့ပြီး ပထမအပတ်အတွင်း ရုံဝင်ငွေ ၁၅သန်းရရှိခဲ့သော ၂၀၀၂ ခုနှစ်မှ Ring ဇာတ်ကားနှင့် ရုံဝင်ငွေ ၃၅.၁သန်းရရှိခဲ့သော The Ring Two ဇာတ်ကားများနှင့် နှိုင်းယှဉ်မည်ဆိုပါက နည်းပါးသေးကြောင်းတွေ့ရသည်။ Ring ဇာတ်ကားအား ၂၀၁၅ခုနှစ်က တည်းက ရုံတင်ပြသရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့်   နှောင့်နှေးခဲ့ရပြီးယခုနှစ်မှ ရုံတင်ပြသ နိုင်ခြင်းဖြစ်သည်။

ယူနီဗာဆယ်မှ ထုတ်လုပ်သောမိသားစုအတူ ကြည့်ရှုနိုင်သည့် ရုပ်ရှင်ဇာတ်ကား “A Dog’s Purpose” သည် ပိတ်ရက်အတွင်းရုံဝင်ငွေ ၁၀.၈သန်းရရှိခဲ့ကာ တတိယနေရမှ ရပ်တည်နေသည်။ ဖော့စ်ထုတ်လုပ်ရေးမှဖြန့်ချိသည့် Hidden Figures ဇာတ်ကားသည် ပြသသည့် ရက်သတ္တပေါင်းများစွာကြာပြီဖြစ်သော်လည်း ရုံဝင်ငွေ ကောင်းနေဆဲဖြစ်ကာ စတုတ္ထနေရာမှ ရပ်တည်နေပါသည်။

အမေရိကန် Box Office ရုံဝင်ငွေဇယား၏ ထိပ်ဆုံးငါးနေရာအား ဝေဖန်ရေးဆရာများအကြိုက်၊ ဆုများစွာရရှိခဲ့ သော La La Land ဇာတ်ကားမှ ရုံဝင်ငွေ ၇.၄သန်းရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း ရုံဝင်ငွေသန်း၂၀၀ကျော် ရရှိခဲ့ကာ နံပါတ်ငါးနေရာမှပိတ်သိမ်းခဲ့ပါသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly