မီတာထိန်းသိမ်းစောင့်ရှောက်ခ အကြောင်း လျှပ်စစ်ဝန်ကြီးရှင်းလင်း

မီတာထိန်းသိမ်းစောင့်ရှောက်ခ အကြောင်း လျှပ်စစ်ဝန်ကြီးရှင်းလင်း

မုံရွာ၊ ဖေဖော်ဝါရီ ၆။          ။ မီတာထိန်းသိမ်းစောင့်ရှောက်ခ ဟုခေါ်ဆိုခြင်းသည် မှားယွင်းခေါ်ဆိုနေကြခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးသန်းညွှန့်ဝင်းက လွှတ်တော်တွင် ရှင်းလင်းခဲ့သည်။

မီတာထိန်းသိမ်းစောင့်ရှောက်ခ အား လစဉ် ကျပ်(၅၀၀)ပေးနေရပြီး ရည်ရွယ်ချက်အား မသိရှိသည့်အတွက် ရှင်းလင်းပေးရန် ကသာမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်၏   မေးမြန်းမှုကို   ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

"လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးတဲ့ ပင်မဓါတ်အားခွဲရုံများ ပြုပြင်ခြင်း၊ တိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေမှာ သုံးစွဲရန်အတွက် ဝန်ဆောင်ခ ကောက်ယူခြင်း ဖြစ်ပါတယ်။ မီတာထိမ်းသိမ်းစောင့်ရှောက်ခ ဆိုတာ မှားယွင်းခေါ်ဆိုနေကြတာဖြစ်ပါတယ်" ဟု လျှပ်စစ်ဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြန်လည်ဖြေကြားခဲ့သည်။

ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးညီညီထွန်း က မိမိတို့ကသာမြို့တွင် လျှပ်စစ်ဓါတ်အားများ မကြာခဏပျက်တောက်နေကြောင်း၊ မီတာထိန်းသိမ်းစောင့်ရှောက်ခ၏ ရည်ရွက်ချက်အား ရှင်းလင်းပေးရန် လွှတ်တော်တွင် မေးခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ဝန်ကြီးမှ ကသာမြို့တွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမှုအခြေအနေအား ရှင်းလင်းခဲ့ပြီး မီတာထိန်းသိမ်းစောင့်ရှောက်ခ ဟု မှားယွင်းစွာ ခေါ်ဆိုမှုအကြောင်းကိုပါ ရှင်းလင်းခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly