နေတိုးခေါင်းဆောင်များနှင့် ထရမ့်တို့ လာမည့်မေလ၌ တွေ့ဆုံမည်

နေတိုးခေါင်းဆောင်များနှင့် ထရမ့်တို့ လာမည့်မေလ၌ တွေ့ဆုံမည်

ဖေဖော်ဝါရီ ၆ ။          ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် နေတိုးခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မဟာမိတ်များ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ ယန့်စ်စတော့တန်ဘာ့ဂ်နှင့် ဖုန်းဆက်သွယ်ပြောဆိုမှုအပြီးတွင် အတည်ပြုခဲ့သည်ဟု အိမ်ဖြူတော်မှ ပြီးခဲ့သော တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

ထရမ့်သည် နေတိုးအဖွဲ့အတွက် အားကောင်းသော အကူအညီများ ပေးနိုင်သူတစ်ဦးဖြစ်သော်လည်း ဥရောပအဖွဲ့ ဝင်များကနေတိုးအဖွဲ့အား ပိုမိုဝိုင်းဝန်းကူညီကြရန် တောင်းဆိုခဲ့ကြောင်း အိမ်ဖြူတော်မှ သတင်းထုတ်ပြန်ခဲ့ပြီး လာမည့်မေလ အနှောင်းပိုင်းတွင် ကျင်းပမည့် နေတိုးခေါင်းဆောင်များ၏ အစည်းအဝေးပွဲအား ထရမ့်တက်ရောက် မည်ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

အိမ်ဖြူတော်၏ သတင်းထုတ်ပြန်မှုအရ နေတိုးအဖွဲ့ဝင်အားလုံးဟာ ပူးပေါင်းဆောင်ရွက်မှုများ၊ ညှိုနှိုင်းဆောင် ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားဖို့ သဘောတူညီကြောင်းနှင့် နေတိုးအဖွဲ့ ရင်ဆိုင်နေရသည့် လုံခြုံရေး ပြသနာများအား အတူလက်တွဲရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုသည် နေတိုးအဖွဲ့အား အရေးပါသော ထောက်ပံ့မှုများ ဖြည့်ဆည်းပေးနေသည့် နိုင်ငံဖြစ်ပြီး ဒေါ်နယ်ထရမ့်သည် မကြာသေးခင်က အခြားအဖွဲ့ဝင်နိုင်ငံများသည်လည်း   ထောက်ပံ့မှုများကို ပိုမိုမြှင့်တင်ပေး သင့်သည်ဟု တောင်းဆိုခဲ့သည်။

Ref:AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly