အဂတိလိုက်စားမှုကို ဖြေလျှော့ပေးတဲ့ ဥပဒေကို ပြန်လည်ရုပ်သိမ်းသော်လည်း ရိုမေးနီးယားက ဆန္ဒပြအင်အား သန်းဝက်ကျော်အထိ ကြီးထွား

အဂတိလိုက်စားမှုကို ဖြေလျှော့ပေးတဲ့ ဥပဒေကို ပြန်လည်ရုပ်သိမ်းသော်လည်း ရိုမေးနီးယားက ဆန္ဒပြအင်အား သန်းဝက်ကျော်အထိ ကြီးထွား

ဘတ်ချာရက်စ်၊ ဖေဖော်ဝါရီ ၆ ။                ။ ရိုမေးနီးယားအစိုးရက ၎င်းတို့ ပြဌာန်းလိုက်တဲ့ အငြင်းပွားစရာ အမိန့်ဒီဂရီတစ်ရပ်ကို ပြန်လည်ရုပ်သိမ်းပေးပေမယ့်လည်း နိုင်ငံအနှံ့ ဆန္ဒပြအင်အားက ငါးသိန်းထက်မနည်းအထိ ကြီးထွားလာခဲ့ပါတယ်။

နိုင်ငံရေးသမားအများစုကို အကျင့်ပျက်ခြစားမှု စွဲချက်တွေက အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ရပ်ကို လက်ဝဲယိမ်းအစိုးရက အစောပိုင်းက ပြန်လည်ဖျက်သိမ်းလိုက်တာပါ။

ဒါပေမယ့် ဒီဥပဒေကို ပြန်လည်ပြင်ဆင်ထားတဲ့ ဥပဒေတစ်ရပ်ကို လွှတ်တော်ထံ တင်ပြဖို့ ရှိနေတာကြောင့် ဆန္ဒပြသူတွေ စိတ်မကျေနပ်ပဲ ရှိနေတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဆိုရင်ဂရင်းဒီယာနူးအစိုးရအဖွဲ့ နုတ်ထွက်ဖို့ တစ်ချို့က တောင်းဆိုကြပါတယ်။

ပြီးခဲ့တဲ့ ရက်တွေမှာ ရိုမေးနီးယားနိုင်ငံအတွင်း ၁၉၈၉ ခုနှစ် ကွန်မြူနစ်တွေ ကျဆုံးပြီးနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြမှုတွေ ဖြစ်ပွားနေခဲ့တာပဲဖြစ်ပါတယ်။

ထိုဥပဒေအမိန့်ဒီဂရီကို ပြန်ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို ဘတ်ချာရတ်စ်မြို့တော်မှာ ဖေဖော်ဝါရီ  ၅ ရက်က အရေးပေါ်အစိုးရအစည်းအဝေးမှာ အတည်ပြုလိုက်တာပါ။

ဒါပေမယ့် အစိုးရက ဥပဒေကို ပြန်လည်ရေးဆွဲပြီး အတည်ပြုနိုင်ဖို့ လွတ်တော်ကို တင်ပြတော့မယ့်အရေးအတွက် ဆန္ဒပြသူများက စိုးရိမ်နေဆဲဖြစ်ပါတယ်။

ဆန္ဒြုပလူအုပ်ကြီးက မြို့တော် အောင်ပွဲရင်ပြင်မှာ စုရုံးဆန္ဒပြနေတာက ဆက်တိုက်ခြောက်ရက်မြောက် ရှိနေတာလည်းဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags