ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၄ ။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က အမေရိကန်သံရုံးရှေ့မှာ ဖေဖော်ဝါရီ ၃ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ရှုတ်ချဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။
သံရုံးဆန္ဒုပြမှုမှာ အများစုက မလေးရှားမွတ်စလင်တွေဖြစ်ပြီး တရုတ်နဲ့ အိန္ဒိယတို့လည်း အနည်းငယ်ပါဝင်တယ်လို့ EPA သတင်းထောက်က သတင်းပေးပို့ထားပါတယ်။
သောကြာနေ့ မွတ်စလင်ဝတ်ပြုဆုတောင်းပွဲအပြီးမှာ နေ့လည် ၂ နာရီခန့်လောက်က လူစတင်စုရုံးလာတာဖြစ်ပြီး စာတမ်းများကိုင်ဆောင် ဆန္ဒပြသလို မိန့်ခွန်းပြောဆိုခြင်းတွေ၊ ကြွေးကြော်အော်ဟစ်မှု တွေလည်း ဖြစ်ပွားပါတယ်။
အော်လံကိုင်ဆောင်ထားတဲ့ လူတစ်ဦးက မလေးရှားလို “အစ္စလာမ်အဓွန့်ရှည်ပါစေ”၊ “မွတ်စလင်တွေကို တားမြစ်တာ အလိုမရှိ”၊ “တံတိုင်းတွေ၊ တားမြစ်ချျက် မလိုလား” စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်နေပါတယ်။
ဆန္ဒပြသူတွေကလည်း အင်္ဂလိပ်လို ရေးသားထားတဲ့ “မွတ်စလင်တွေကို တားမြစ်တာ အလိုမရှိ”၊ “တံတိုင်းတွေ၊ တားမြစ်ချျက် မလိုလား” စတဲ့ ဆောင်ပုဒ်တွေကို ကိုင်ဆောင်ဆန္ဒပြကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယား၊ အီရန်၊ အီရတ်၊ ဆူဒန်၊ လစ်ဗျား၊ ဆိုမာလီနှင့် ယီမင်စတဲ့ မွတ်စလင်အများစု ခုနစ်နိုင်ငံကို အမေရိကန်နိုင်ငံသို့ ခရီးသွားလာခွင့်ကို တားမြစ်မိန့် ထုတ်ပြန်လိုက်တာအပေါ် ခုလို ဆန္ဒပြကြတာလည်းပဲဖြစ်ပါတယ်။