နားရွက်နှစ်ဖက်လုံး ခင်ပွန်းဖြစ်သူမှ လှီးဖြတ်တာ ခံခဲ့ရတဲ့ ဇနီးဖြစ်သူ ပြည်ပတွင် ကုသမှု ခံယူရန် အလှုရှင်မျှော်လင့်

နားရွက်နှစ်ဖက်လုံး ခင်ပွန်းဖြစ်သူမှ လှီးဖြတ်တာ ခံခဲ့ရတဲ့ ဇနီးဖြစ်သူ ပြည်ပတွင် ကုသမှု ခံယူရန် အလှုရှင်မျှော်လင့်

ကဘူးလ်၊ ဖေဖော်ဝါရီ ၂ ။              ။ အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတစ်ဦးကို သူ့ရဲ့ ခင်ပွန်းယောက်ကျားဖြစ်သူက နားရွက်နှစ်ဖက်စလုံး လှီးဖြတ်ပစ်မှု ဖြစ်ပွားပါတယ်။ ခုဖြစ်ရပ်က ရှေးရိုးစွဲနိုင်ငံအတွင်း အမျိုးသမီးတွေအပေါ် အလွဲသုံးစားပြုကျင့်ခြင်းခံနေရတာတွေကို မီးမောင်းထိုးပြတဲ့ နောက်ဆုံးစက်ဆုပ်ဖွယ်ရာဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။

မာဇာအီရှရစ်မြို့က ဆေးရုံမှာ ဖေဖော်ဝါရီ ၂ ရက်က တက်ရောက်လာတဲ့ အသက် ၂၃ နှစ်ရှိ ဇာရီနာဟာ လင်ယောက်ကျားရဲ့ နားရွက်လှီးဖြတ်တာကို ခံရတာပါ။ နားရွက်နှစ်ဖက်စလုံးကို ပတ်တီးစည်းထားရသလို မျက်နှာတစ်ခုလုံးလည်း ဖူးရောင်နေပါတယ်။ ဇာရီနာက ဆေးကုသမှုအတွက် ပြည်ပမှာ သွားရောက်ကုသချင်နေပြီး အလှုရှင် ရလိုရငြား ရှာဖွေလျက်ရှိပါတယ်။

ဥဇဘတ်ကစ္စတန်နဲ့ နယ်စပ်ဖြစ်တဲ့ ဘတ်ခ်ပြည်နယ်အစွန်အဖျားမှာ နေတဲ့ ဇာရီနာကို သူ့ခင်ပွန်းသည်က ဖေဖော်ဝါရီ ၁ ရက် သန်းခေါင်သန်းလွဲအချိန်မှာ ခုလို တိုက်ခိုက်တာပဲဖြစ်ပါတယ်။ ဘာကြောင့် တိုက်ခိုက်မှန်း မသိရကြောင်း ဇာရီနာက ပြောပါတယ်။

“မနက် သုံးနာရီလောက်ကြီး သူက ကျွန်မကိုနိုးတယ်။ ကျွန်မရဲ့ ဝတ်ရုံနဲ့ ကျွန်မခြေတွေ လက်တွေကို စည်းနှောင်ထားတယ်။ ဒီလိုမလုပ်ဖို့ ကျွန်မက တောင်းပန်ပေမယ့် သူ နားမဝင်ဘူး။”လို့ ဇာရီနာက ပြောပါတယ်။

ယောက်ကျားဖြစ်တဲ့သူက သူ့ဇနီးငယ်လေးအပေါ် ကြိမ်ဖန်များစွာ ထိုးနှက်ပါတယ်။ နောက်တော့ ဓားထက်ထက်နဲ့ နားရွက်နှစ်ဖက်စလုံးကို လှီးဖြတ်ပစ်ပြီး အိမ်က ထွက်သွားတာပဲဖြစ်ပြီး ခုထိ တွေ့ရှိခြင်း မရှိသေးပါ။

ဇာရီနာဟာ သွေးသံရဲရဲနဲ့ တစ်ညလုံးရှိနေခဲ့ရတယ်လို့ ဆိုပါတယ်။ နံနက်ခင်းမှ အိမ်နီးချင်းတွေ တွေ့ပြီး ဆွေမျိုးတွေဆီ အကြောင်းလို့ ပြည်နယ်ဆေးရုံကို ရောက်လာရတာပဲဖြစ်ပါတယ်။

“မနက် ကိုးနာရီခွဲလောက်မှာ သူ ဆေးရုံရောက်လာတာပါ။ တော်တော်လေး ကြောက်လန့်တုန်လှုပ်နေတယ်။ သွေးလည်း ဘယ်လောက်ထိ ဆုံးရှုံးခဲ့ရလည်း မသိဘူး။”လို့ ဒေါက်တာ ရှာဖီရှာယက်ခ်က ပြောပါတယ်။

ဇာရီနာကတော့ သူက ယောက်ကျားစကားဆို အမြဲတမ်း နာခံခဲ့ကြောင်း၊ တစ်ခြားယောက်ကျားလေးတွေနဲ့ တွေ့လိမ့်မယ်ဆိုပြီး သူ့အမေအိမ် မပြန်ခိုင်းရင်တောင် နားထောင်ပြီး မအေကို သွားမတွေ့ခဲ့ကြောင်း ပြောပါတယ်။ ခုလို လုပ်သွားတာ ဘာကြောင့်မှန်း နားမလည်ဘူးဟု ဇာရီနာက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly