ဦးကိုနီ လုပ်ကြံခံရမှုအပါအဝင် လူသတ်ဝါဒအန္တရာယ် သိမြင်လာစေရန် ဆွေးနွေးပွဲကျင်းပ

ဦးကိုနီ လုပ်ကြံခံရမှုအပါအဝင် လူသတ်ဝါဒအန္တရာယ် သိမြင်လာစေရန် ဆွေးနွေးပွဲကျင်းပ
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ဇန်နဝါရီလ ၂ ။            ။ ဥပဒေပညာရှင် ဦးကိုနီ လုပ်ကြံခံရမှုအပါအဝင် လူသတ်ဝါဒ အန္တရာယ်ကိုပြည်သူများ ကျယ်ပြန့်စွာ သိမြင်လာစေရန် ဆွေးနွေးပွဲတစ်ခု ယနေ့ ဖေဖော်ဝါရီလ ၂ ရက်တွင် ကျင်းပခဲ့သည်။

ဆိုရှယ် ဒီမိုကရက်တစ် ညီညွှတ်ရေးတပ်ဦးက  ဦးဆောင်ပြီး ဇန်နဝါရီလ ၂ ရက်နေ့တွင် “လူသတ်ဝါဒ ဆန့်ကျင်ကြ ”ဆိုသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး အများပြည်သူလုံခြုံရေးအကြောင်း   ဆွေးနွေးခဲ့သည်။

လက်ရှိအစိုးရလက်ထက်တွင် အများပြည်သူလူထုအားလုံးလုံခြုံရေးနဲ့ပတ်သက်ပြီး ဦးကိုနီအသတ်ခံရမှုက မီးမောင်းထိုးပြနေသည်ဟု ငြိမ်းချမ်းရေးနဲ့လုံခြုံရေး ဆိုင်ရာသုတေသန ပညာရှင်  ဒေါ်ခင်မမမျိုးကဆွေးနွေးပွဲတွင် ပြောသည်။

 “ ဒါလည်းလုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပဲပေါ့နော်။ ကျွန်မတို့ တစ်ခုတော့ ဒီဖြစ်ရပ်တွေထဲကနေ မီးမောင်းထိုးပြစရာရှိတာက အများပြည်သူလူထု အားလုံးကဆိုရင် လုံခြုံရေးနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့များ အပါအဝင် မည်သူမဆို အန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးပေါ့လေ။ အဲဒါအတွက်ကိုဆိုရင် အမြဲတမ်းအားလုံးမှာ လိုအပ်တယ်” ဒေါ်ခင်မမမျိုးက ပြောသည် ။

ဆွေးနွေးပွဲတွင် ဒေါ်ခင်မမမျိုး ၊ဦးထွန်းဦး၊ ဦးအောင်မိုးဇောနှင့် ကိုကျော်ကိုကို တို့က ဥပဒေပညာရှင်ဦးကိုနီ သတ်ခံရခြင်းနှင့် ပတ်သက်ပြီး အဓိကဆွေးနွေးသွားခဲ့ကြသည်။ “ဒီလိုမျိုးနိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှုကို ကျနော်တို့နှလုံးသားထဲကကိုခါးခါးသီးသီးလက်မခံဘူးဆိုတာကို ပြသချင်တယ်။ အဲဒီအတွက် ကျနော်တို့ ဒီပွဲကို ကျင်းပတာပါ”ဟု ပွဲကျင်းပသူ ကိုကျော်ကိုကိုက ပြောသည်။

NLD ဥပဒေအကြံပေးဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက်၊ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အပြင်ဘက်တွင် သေနတ်သမားတစ်ဦး၏ အနီးကပ်ပစ်ခတ်လုပ်ကြံခြင်းခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly