အသက်၁၀၀ပြည့်မွေးနေ့ပွဲအတွက် သီချင်းခွေသစ်ဖြန့်ချိမည့် ဗြိတိန်အဆိုတော် ဗာရာလင်း

အသက်၁၀၀ပြည့်မွေးနေ့ပွဲအတွက် သီချင်းခွေသစ်ဖြန့်ချိမည့် ဗြိတိန်အဆိုတော် ဗာရာလင်း

ဗြိတိန်ဂန္တဝင်အဆိုတော် ဗာရာလင်းသည် သူမ၏ အသက်၁၀၀ပြည့် မွေးနေ့ပွဲအား မာစတာသီချင်းခွေသစ်ဖြန့် ချီခြင်းဖြင့် ဆင်နွှဲသွားဖို့ပြင်ဆင်ထားပြီး ထိုဂန္တဝင်သီချင်းခွေသစ်သည် စစ်တွင်းကာလ ကတည်းက သီချင်းဆိုခဲ့သည့် အဆိုတော် သူမအတွက်တော့ ဗြိတိန်အယ်လ်ဘမ်ဇယား၌ ပထမဦးဆုံးရာပြည့် အဆိုတော်တစ်ဦး၏ အခွေ ဖြစ်လာမည်ဖြစ်သည်။

“Forces sweetheart” ဟုလူသိများသည့် သူမသည် “Vera Lynn 100” ဟုအမည်ပေးထားသော “We’ll Meet Again” နှင့် “Sailing” စသည့်ပေါက်သီချင်းများပါဝင်သည့် မာစတာအခွေအား သူမ၏ ရာပြည့်မွေးနေ့ မရောက်ခင်သုံးရက် အလို မတ်လ ၁၇ရက်နေ့၌ ဖြန့်ချိသွားဖို့ စီစဉ်ထားပါသည်။

“ပရိတ်သတ်များဟာ နှစ်ပေါင်းများစွာအကြာက သီချင်းတွေကို ကြိုက်နှစ်သက်နေဆဲဖြစ်တယ်ဆိုတာကို ကြားရတာ အလွန်ကိုဝမ်းသာမိပြီး ဟိုးအချိန်တွေတုန်းက ခံစားချက်တွေကို ပြန်ခံစားမိပါတယ်” ဟု သူမကပြောခဲ့သည်။

“ကျွန်မဟာ အဆိုတော်တစ်ယောက် အနေနဲ့ ကျွန်မအလုပ်ကို ကျွန်မလုပ်တာပါ။ ကျွန်မရဲ့သီချင်းတွေကို ပုံစံအသစ်တွေနဲ့ အလွန်ကို နားဝင်ချိုစွာပြန်လည်နားဆင်ရတာဟာ ကျွန်မအတွက်တော့ တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာတွေပါပဲ” လို့ သူမက ဆက်ပြောခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly