အမြွှာကိုယ်ဝန်ကို လွယ်ထားရသောကြောင့် ကံထူးသည်ဟုခံစားရသော ဘီယွန်းဆေးတို့ ဇနီးမောင်နှံ

အမြွှာကိုယ်ဝန်ကို လွယ်ထားရသောကြောင့် ကံထူးသည်ဟုခံစားရသော ဘီယွန်းဆေးတို့ ဇနီးမောင်နှံ

အဆိုတော်ဘီယွန်းဆေးနှင့် သူမ၏ ခင်ပွန်းဖြစ်သူရက်ပ် အဆိုတော်ဂျေဇီတို့က ၎င်းတို့သည် ကံနှစ်ကြိမ်ထူးသည် ဟုခံစားရကြောင်း ၎င်းတို့အင်စတာဂရမ်တွင် ရေးသားခဲ့ပြီး ဘီယွန်းဆေးသည် အမြွှာကိုယ်ဝန်ကို လွယ်ထားရကြောင်း ကြေညာခဲ့ကြသည်။

“ကျွန်မတို့မိသားစုထဲမှာ နောက်ထပ်မိသားစုဝင်နှစ်ယောက် တိုးလာတော့မှာ ဖြစ်တဲ့အတွက် ကျမတို့တကယ့်ကို မယုံကြည်နိုင်လောက်အောင်ကို ပျော်ရွှင်မိပါတယ်”ဟု ၎င်းတို့စုံတွဲကပြောခဲ့ပြီး ပရိသတ်များရဲ့ ဆုတောင်းစကား တွေအတွက်လည်း အထူးကျေးဇူးတင်ကြောင်းပြောခဲ့သည်။ သို့သော်လည်း အမြွှာကလေးနှစ်ဦး၏ မွေးရက် ကိုတော့ကြေညာခဲ့ခြင်းမရှိကြောင်းသိရသည်။

ဘီယွန်းဆေးတို့ဇနီးမောင်နှံသည် အသက်၅နှစ်ရှိပြီဖြစ်သော ဘလူးအိုင်ဗီအမည်ရှိ သမီးလေးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါသည်။

ဘီယွန်းဆေးသည် ၂၀၁၇ခုနှစ်တွင် ကျင်းပမည့် ဂရမ်မီဆုပေးပွဲ၌ ဆုပေါင်းကိုးဆုအတွက် လျာထားခြင်းခံထားရပြီး ဂရမ်မီဆုပေးပွဲသမိုင်း၌ ဆုအများဆုံးလျာထားခံရသော အမျိုးသမီးအဆိုတော်အဖြစ် ဦးဆောင်နေပါသည်။

အသက်၃၅နှစ်အရွယ်ရှိပြီဖြစ်သည့် ဘီယွန်းဆေးသည် ဧပြီလတွင် ကယ်လီဖိုးနီယားတောင်ပိုင်း၌ကျင်းပမည့် Coachella ဂီတပွဲတော်၌ အဓိကအဆိုရှင်အဖြစ် ဖျော်ဖြေသွားဖို့ရှိနေပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly