လေ့ကျင့်ရေးကွင်းတွင် နည်းပြ ဘင်နီတက်ဇ်ကို စီရော်နယ်ဒို ဒေါသတကြီး တုန့်ပြန်

လေ့ကျင့်ရေးကွင်းတွင် နည်းပြ ဘင်နီတက်ဇ်ကို စီရော်နယ်ဒို ဒေါသတကြီး တုန့်ပြန်

ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သော လေ့ကျင့်ခန်းအစီအစဉ်အတွင်း သွင်းဂိုးတစ်ဂိုးကို အသိအမှတ် မပြုခဲ့သည့်အတွက် နည်းပြဘင်နီ တက်ဇ်အား စီရော်နယ်ဒိုက ဒေါသတကြီး တုန့်ပြန်ခဲ့သည်။

လေ့ကျင့်ခန်း အစီအစဉ်ကို ရုပ်သံဌာနတစ်ခုမှ လာရောက်ရိုက်ကူးနေစဉ် အသက် ၃၀ အရွယ်ရှိ စီရော်နယ်ဒိုက နည်းပြဘင်နီ တက်ဇ်ကို ပေါ်တူဂီ ဘာသာစကားဖြင့် ဒေါသတကြီး တုန့်ပြန်သည့် မြင်ကွင်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။

ယင်းစကားမှာ စိတ်ပျက်သည့်အခါ သုံးနှုန်းသည့် ရိုင်းပျသည့် အဓိပ္ပာယ်ဖြစ်ပြီး ပေါ်တူဂီ အားလုံးကို နှိပ်ကွပ်နေသည်ဟုလည်း စီရော်နယ်ဒိုက ဘင်နီတက်ဇ်အား စောဒက တက်ခဲ့သည်။

စီရော်နယ်ဒိုသည် နောက်ပိုင်းတွင်လည်း လေ့ကျင့်နေစဉ်အတွင်း အသင်းဖော် အာဘီလိုအာကို စိတ်ပျက်သည့် အမူအယာ လည်း ပြသခဲ့သေးသည်။

ဘင်နီတက်ဇ်သည် မကြာသေးမီက ကမ္ဘာ့အကောင်းဆုံး ကစားသမားမည်သူ ဖြစ်သည်ဟု မေးမြန်းခံရခြင်းနှင့် ပတ်သက်ပြီး စီရော်နယ်ဒိုကို ထောက်ခံရန် ပျက်ကွက်ခဲ့ခြင်းကြောင့် နှစ်ဦးကြား ဆက်ဆံရေး ထိခိုက်နေသည်ဟု သတင်းများ ထွက်ပေါ်လာ ခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly