ဖိလစ်ပိုင်နိုင်ငံမှ မထွက်ခွာရန် တရားရေးဌာနက တားမြစ်ခံရသည့် ခရစ္စဘရောင်း

ဖိလစ်ပိုင်နိုင်ငံမှ မထွက်ခွာရန် တရားရေးဌာနက တားမြစ်ခံရသည့် ခရစ္စဘရောင်း

နယူးယော့ခ်၊ ဇူလိုင် ၂၃ ။      ။ အမေရိကန် အဆိုတော် ခရစ္စဘရောင်းသည် စာချုပ်အရှုပ်အရှင်းအမှုကြောင့် ဖိလစ်ပိုင်နိုင်ငံမှ မထွက်ခွာရန် တားမြစ်ခံခဲ့ရကြောင်း ဖိလစ်ပိုင် သတင်းအေဂျင်စီက ဇူလိုင် ၂၂ ရက်၌ ပြောကြားသည်။

ဘရောင်းသည် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ဖျော်ဖြေပွဲကျင်းပရန် မနီလာ နိုင်ငံတကာ လေဆိပ်မှ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ဟောင်ကောင်သို့ ထွက်ခွာရန် ပြင်ဆင်နေစဉ် တားမြစ်ခံခဲ့ ရခြင်းဖြစ်ကြောင်း သတင်းအေဂျင်စီ ကပြောကြားသည်။

နိုင်ငံအတွင်းမှ ထွက်ခွာရန် လုပ်ဆောင်နေသော မည်သည့်ကြိုးပမ်းချက်မျိုးကိုမဆို ရပ်တန့်ရန် အသက် ၂၆ နှစ်အရွယ်ရှိ ဘရောင်းအား ဖိလစ်ပိုင် တရားရေးရာဌာနက ဇူလိုင် ၂၁ ရက် ညက ထုတ်ပြန်ခဲ့သည်။

ဘရောင်းသည် စီစဉ်ထားသည့်အတိုင်း ဇူလိုင်၂၁ ရက် ညနေက မနီလာမြို့မြောက်ပိုင်း ဘူလာကန်ဒေသရှိ အားကစားကွင်း အတွင်းဖျော်ဖြေပွဲကို ကျင်းပခဲ့သော်လည်း ယခုကဲ့သို့ အမိန့် ထုတ်ပြန်ခံရခြင်းကြောင့် ဘရောင်းက ပိုက်ဆံများကိုပြန်အမ်း ရန် ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့် နှစ်ကလည်း နှစ်သစ်ကူးအကြိုတွင် ဖျော်ဖြေပွဲ ကျင်းပရန် ပျက်ကွက်ခဲ့မှုကြောင့် ပရိသတ်များ အပေါ် အကြွေးတင်ခဲ့ကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးဌာနက ဘရောင်းနှင့် ၎င်း၏ ပွဲစီစဉ်သူ ဂျွန်မိုက်ကယ်ပီအိုရိုဒါတို့ နှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သတိထား စောင့်ကြည့်ရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း တရားရေးရာ ဌာနက သဘောတူခွင့်ပြုခဲ့ပါက ၎င်းတို့ နှစ်ဦးသည် ယင်းနိုင်ငံအတွင်းမှ ထွက်ခွာရန် ခွင့်ပြုသည့် ရာဇဝတ်မှု ရှင်းလင်းကြောင်း သက်သေခံ လက်မှတ်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ် သည်။

ဘရောင်းသည် ဖိလစ်ပိုင်နိုင်ငံအတွင်းမှ ထွက်ခွာခွင့် မရပါက ဟောင်ဟောင်နှင့် အင်ဒိုနီးရှား နိုင်ငံတို့တွင် ကျင်းပမည့်ဖျော်ဖြေပွဲ များကို ဖျက်သိမ်းရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly