၂၀၁၆က မြန်မာနိုင်ငံ၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှု စံချိန်တင်များပြားခဲ့

၂၀၁၆က မြန်မာနိုင်ငံ၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှု စံချိန်တင်များပြားခဲ့

 ဖေဖေါ်ဝါရီ၁။          ။  ပြီးခဲ့သော၂၀၁၆ခုနှစ်အတွင်းရဲမှတ်တမ်းများအရ မြန်မာပြည်၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှုစံချိန်တင်များ ပြားခဲ့ပြီး မြန်မာနိုင်ငံသည် ကမ္ဘာ့မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အဓိကအရေးပါသည့် ကဏ္ဍမှပါဝင်နေကြောင်း တွေ့ရသည်။

ရဲမှတ်တမ်းများအရ ၂၀၁၆ခုနှစ်အတွင်းစိတ်ကြွဆေးပြားများ၉၈သန်းကျော်စံချိန်တင်ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၅ခုနှစ် ကဖမ်းဆီးရရှိခဲ့သောဆေးပြားအရေအတွက် သန်း၅၀၏နှစ်ဆနီးပါး များပြားလာကာ စံချိန်တင်ခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ ထိပ်သီးနိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး များပြားလှသော စိတ်ကြွဆေးပြားများထုတ်လုပ်ရုံသာမက ဘိန်းဖြူ၊ဘိန်း၊နှင့်ဆေးခြောက်များကိုလည်း ထုတ်လုပ်ပြီး အာရှနိုင်ငံ များရှိ၎င်းတို့၏ ဖောက်သည်များထံသို့ ထိုဆေးဝါးများကို ဦးတည်ရောင်းချခဲ့ကြသည်။

မူးယစ်ဆေးဝါးထုတ်လုပ်မှုအများစုသည် တိုင်းရင်းသား လူနည်းစုများ ထိန်းချုပ်ရာဝေးလံခေါက်ခိုက်သော နယ်မြေ များမှဖြစ်ပြီး မြန်မာစစ်တပ်နှင့် မဟာမိတ်ဖွဲ့ထားသော လက်နက်ကိုင်အဖွဲ့များမှလည်း ထုတ်လုပ်နေကြသည်။

အသေးစားမှောင်ခိုရောင်းဝယ်သူ အများအပြား မကြာခဏ ဖမ်းဆီးခံနေရသော်လည်း ရောင်းဝယ်မှုပြုလုပ်နေ သောအကြီးစားမူးယစ်ရာဇာကြီးများကို အရေးယူဖမ်းဆီးမှုမှာ လွန်ခဲ့သည့် ဆယ်စုနှစ်သုံးစုအတွင်း အလွန်ကို နည်းပါးနေသေးကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly