လင်းနို့လူသား ရုပ်ရှင်ကားကို ဘန်အက်ဖ်ဖလက် ရိုက်ကူးတော့မည်မဟုတ်

လင်းနို့လူသား ရုပ်ရှင်ကားကို ဘန်အက်ဖ်ဖလက် ရိုက်ကူးတော့မည်မဟုတ်

မင်းသားဘန်အက်ဖ်ဖလက်သည် ရိုက်ကူးရန် စီစဉ်ထားသည့် လင်းနို့လူသားရုပ်ရှင်ဇာတ်ကားအသစ်အား ဒါရိုက်တာအဖြစ် ရိုက်ကူးမည့်အစီအစဉ်မှ နှုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

သူသည် အဆိုပါ ရုပ်ရှင်တွင် ထုတ်လုပ်သူအဖြစ်ရော ၊ခေါင်းဆောင်မင်းသားအနေဖြင့်ပါ ရှိနေဦးမည်ဖြစ်သော်လည်း ထုတ်လုပ်သူများဖြစ်သည့် Warner Bros တို့ဟာ ဒါရိုက်တာအသစ်ကို ရှာဖွေနေပြီဖြစ်ကြောင်း ပြောခဲ့သည်။

“သူတို့လိုအပ်နေတဲ့ အဆင့်တစ်ခုကို ရောက်ဖို့ အလုပ်နှစ်ခုကို ကျနော်တစ်ပြိုင်တည်း မလုပ်နိုင်ဘူးဆိုတာ သေချာသွားပါပြီ” ဟုသူက ပြောခဲ့သည်။ “လူသန်းပေါင်းများစွာရဲ့နှလုံးသားထဲမှာ ဇာတ်ကောင်တစ်ယောက်အတွက် အထူးစပါယ်ရှယ်နေရာတစ်ခု ရှိနေပါတယ်။ အဲဒီ့ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ဖို့ အာရုံစူးစိုက်မှု၊ စိတ်ထက်သန်မှုနဲ့ အကောင်းဆုံးသရုပ်ဆောင်မှုတွေကို ကျနော်ပေးစွမ်းနိုင်ဖို့ လိုအပ်နေပါတယ်” ဟုသူက ဆက် ပြောခဲ့သည်။ ဆက်လက်ပြီး “ကျနော်ဒီရုပ်ရှင်ထဲမှာ ပါဝင်နေဦးမှာပါ။ကျနော်တို့အတူ လုပ်ဆောင်သွားမှာပါ”ဟု ပြောခဲ့သည်။

လင်းနို့လူသားဇာတ်ကား တရားဝင်ထွက်ရှိမည့်နေ့ကို မသိရသေးသော်လည်း လာမည့်၂၀၁၈ခုနှစ်တွင် ပြသနိုင်ဖို့ အစီအစဉ်ဆွဲထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly