ယူကရိန်းတိုက်ပွဲများ သုံးရက်မြောက်အထိ ရောက်လာ၍ လုံခြံုရေးကောင်စီက ပစ်ခတ်မှုများရပ်ရန် သတိပေး

ယူကရိန်းတိုက်ပွဲများ သုံးရက်မြောက်အထိ ရောက်လာ၍ လုံခြံုရေးကောင်စီက ပစ်ခတ်မှုများရပ်ရန် သတိပေး

ကိဗ်၊ ဖေဖော်ဝါရီ ၁ ။           ။ ယူကရိန်းနိုင်ငံအရှေ့ပိုင်း မြို့တစ်မြို့မှာ ယူကရိန်းတပ်တွေနဲ့ ရုရှကျောထောက်နောက်ခံပြုတဲ့ သူပုန်တပ်တွေ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေတာ သုံးရက်ဆက်တိုက်ရှိနေပါတယ်။

အက်ဗ်ဒီဗာကာမြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲကြောင့် အခြေအနေဆိုးဆိုးဝါးဝါးအန္တရာယ်ရှိလာမည်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက သတိပေးပြီး နှစ်ဖက်စလုံးကို တိုက်ပွဲရပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မြို့နေထောင်ပေါင်းများစွာက လျှပ်စစ်မီးနဲ့ ရေပြတ်တောက်ပြီး ရာသီရဲ့ ခိုက်ခိုက်တုန်အောင် ချမ်းအေးမှုဒဏ်ကို ခံနေရတယ်။

အသစ် ထပ်မံဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားများအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်မှုဖြစ်နေတယ်လို့ ကောင်စီက ဆိုပါတယ်။

ယူကရိန်းအစိုးရကတော့ လူသားချင်းစာနာထောက်ထားရေး ဘေးကျပ်နံကျပ်မဖြစ်ရအောင် မြို့နေတွေကို ဖြစ်နိုင်သမျှ ဘေးလွတ်ရာရွှေ့ပေးဖို့ ပြင်ဆင်နေပြီ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားလာတာနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက တစ်ဦးပေါ် တစ်ဦးအပြစ်တင်ကြပါတယ်။

“ချက်ချင်းအပစ်ရပ်ဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက တိုက်တွန်းထားတယ်။”လို့ ယူကရိန်းက ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ်မှာ ယူကရိန်းတောင်ပိုင်း ခရိုင်းမီးယားဒေသကို ရုရှကျုးကျော်ခဲ့လို့ ပဋိပက္ခတွေ ပေါ်ပေါက်ပြီး လူပေါင်း ၉၇၀၀ ကျော် သေဆုံးရပါတယ်။ နောက်ပိုင်းမှာ ရုရှထောက်ခံထားတယ်ဆိုတဲ့ သူပုန်တွေက ယူကရိန်းအရှေ့ပိုင်းမှာ ထကြွပုန်ကန်ခဲ့ကြပါတယ်။

အမေရိကန်နဲ့ အီးယူက ယူကရိန်းအရှေ့ပိုင်းက ရုရှရဲ့ လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်ပါတယ်။ ရုရှကတော့ သူပုန်တွေကို  ကျောထောက်နောက်ခံ  ပြုထားခြင်းမရှိလို့   ငြင်းဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly