ရေကာတာ တည်ဆောက်မြှင့်တင်ရေး အလုုပ်ရုံ ဆွေးနွေးပွဲလုုပ်သည့် နုုိင်ငံတကာ ငွေကြေးကော်ပုုိ ရေးရှင်းကုုိ မြစ်ဆုံုဒေသခံများ ဆန္ဒဖော်ထုုတ်

ရေကာတာ တည်ဆောက်မြှင့်တင်ရေး အလုုပ်ရုံ ဆွေးနွေးပွဲလုုပ်သည့် နုုိင်ငံတကာ ငွေကြေးကော်ပုုိ ရေးရှင်းကုုိ မြစ်ဆုံုဒေသခံများ ဆန္ဒဖော်ထုုတ်
ဓာတ်ပုံ နန်ပူ ဖေ့ဘုတ်

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။             ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရေကာတာတည်ဆောက်ရေးမြှင့်တင်ရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲများပြုလုပ်နေသော ကမ္ဘာ့ဘဏ်၏ ဌာနခွဲဖြစ်သော နိုင်ငံတကာငွေကြေး ကော်ပိုရေးရှင်း(IFC)အား မြစ်ဆုံဒေသခံများက ဇန်နဝါရီလ ၃၁ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့သည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း(IFC)က အလုပ်ရုံဆွေးဆွေးနွေးပွဲ ပြုလုပ်နေသော မြစ်ကြီးနားမြို့ရှိ Palm Spring Hotel ရှေ့တွင် မြစ်ဆုံဒေသခံ ၅၀ ကျော်က   မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ခဲ့သည်ဟု မြစ်ဆုံဒေသခံများ အခြေပြု ဖွံ့ဖြိုးရေးအဖွဲ့(MRJ)မှ မလိယန်ကျေးရွာ၏ တာဝန်ခံ ဦးမုန်ရာက ပြောသည်။

“ဒီမနက် ၉ နာရီလောက်ကနေ ၁၀ နာရီခွဲထိ ဆန္ဒဖော်ထုတ်တာ။ ကျွန်တော်တို့က မြစ်ဆုံရေကာတာ စီမံကိန်း လုံးဝရပ်ဆိုင်းသွားဖို့အတွက်။ ဘာလို့လဲဆိုတော့ IFC က CPI ကို   ရေကာတာလုပ်ငန်း လုပ်တဲ့ ပိုက်ဆံချေးပေးတော့မှာလေ။ Palm Spring ဟိုတယ်မှာ အလုပ်ရုံဆွေးနွေးပွဲလုပ်ကြတယ်။ အဲဒီရှေ့မှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ဆန္ဒ၊ လုံးဝ မလုပ်စေချင်တဲ့ဟာကို IFC က သိသွားအောင် ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း(IFC)မှ ရန်ကုန်၊ လွိုင်ကော်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တို့တွင် ရေကာတာတည်ဆောက်ရေးမြှင့်တင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်သည့် အစီအစဉ်ကို ပြုလုပ်နေခြင်း ဖြစ်သည်။

ရေကာတာ စီမံကိန်းအများစုသည် လက်ရှိ ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် ရှိနေပြီး မြန်မာနိုင်ငံတွင် ငြိမ်းချမ်းချမ်းရေး မရရှိသေးသဖြင့် စီမံကိန်းကြီးများ မလုပ်ဆောင်ရန် သံလွင်ထိန်းသိမ်း ကာကွယ်ရေးကွန်ရက်အဖွဲ့(SSN)တို့က ဇန်နဝါရီလ ၂၇ ရက်နေ့က ကြေငြာချက်ထုတ်ပြန်၍ ဆန့်ကျင် ကန့်ကွက်လိုက်သည်။

IFCမှ ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ ရန်ကုန်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကာ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုပ်မည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့တွင် အလုပ်ရုံံဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

IFCသည် ပုဂ္ဂလိကငွေကြေးကဏ္ဍအစီအစဉ်ဖြင့် ဘက်ပေါင်းစုံပါဝင်သည့် အစုရှယ်ယာဖြင့် မြန်မာနိုင်ငံ ရေအားလျှပ်စစ်ကဏ္ဍအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုဆိုင်ရာ အချက်အလက်   ကောက်ယူရေး မဟာဗျူဟာအစီအစဉ်ချမှတ်ရေး အလုပ်ရုံံဆွေးနွေးပွဲဖြင့် ပူးပေါင်းထောက်ပံ့မြှင့်တင်သည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly