နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထရမ့် ရွေးချယ်ထားသည့် Tillerson ကို ဆိနိတ်က အတည်ပြုခန့်အပ်ရန် နီးစပ်လာ

နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထရမ့် ရွေးချယ်ထားသည့် Tillerson ကို ဆိနိတ်က အတည်ပြုခန့်အပ်ရန် နီးစပ်လာ

ဇန်နဝါရီ ၃၁ ။                   ။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရွေးချယ်ထားသည့် Rex Tillerson ကို အတည်ပြုအမည်စာရင်းတင်သွင်းမှုလုပ်ငန်းစဉ်များကို ဇန်နဝါရီ ၃၀ ရက်က ဆိနိတ်လွှတ်တော်တွင် ရှေ့ဆက်ဆောင်ရွက်ခဲ့ကြပြီး ယခုသီတင်းပတ်ကုန်ခါနီးတွင် နောက်ဆုံးမဲပေးအတည်ပြုပေးသွားရန် ရှိနေပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထရမ့် ရွေးချယ်ထားသည့် အခြားအစိုးရအဖွဲ့ဝန်ကြီးများ အမည်စာရင်းတင်သွင်းမှုကိုလည်း ဇန်နဝါရီ ၃၁ ရက် ဆိနိတ် စိစစ်ရေးကော်မတီတွင် လက်ခံမဲခွဲရန် ရှိနေသည်။ ကော်မတီက ထောက်ခံအတည်ပြုပေးလိုက်မည်ဆိုပါက ၎င်းတု့ိသည်လည်း မကြာမီ အတည်ပြုခန့်အပ်ခံရတော့မည်ဖြစ်သည်။

ရေနံဓါတ်ငွေ့လုပ်ငန်းကုမ္ပဏီကြီးတစ်ခုဖြစ်သော ExxonMobil ၏ စီအီးအိုဟောင်းဖြစ်သူ Tillerson ကို ထောက်ခံမဲ ၅၆ မဲဖြင့် နောက်ဆုံးအတည်ပြုမည့်အဆင့်သို့ ရောက်ရှိစေခဲ့သည်။ ယင်းမဲခွဲမှုတွင် ရီပတ်ဘလစ်ကန်အမတ် ၅၂ ဦးစလုံးထောက်ခံခဲ့သည့်အပြင် ဒီမိုကရက်တစ်အမတ်လေးဦးလည်း ပါဝင်ထောက်ခံပေးခဲ့ခြင်းဖြစ်သည်။

" သူ့မှာက နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ဆောင်ရတဲ့ လုပ်ငန်းအတွေ့အကြုံတွေ ရှိထားပြီးသားပါ၊ ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ကောင်းကောင်း ထမ်းဆောင်နိုင်ပါလိမ့်မယ်" ဟု ရီပတ်ဘလစ်ကန် အမတ်အုပ်စုခေါင်းဆောင် Mitch McConnell က ပြောသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly