ဒေါ်နယ်ထရမ့်၏ ခရီးသွားပိတ်ပင်ချက်အပေါ် ဆန့်ကျင်ကာ စုရုံးဆန္ဒပြပွဲများအတွင်း လွှတ်တော်အမတ်များပါ ပူးပေါင်းပါ၀င်လာ

ဒေါ်နယ်ထရမ့်၏ ခရီးသွားပိတ်ပင်ချက်အပေါ် ဆန့်ကျင်ကာ စုရုံးဆန္ဒပြပွဲများအတွင်း လွှတ်တော်အမတ်များပါ ပူးပေါင်းပါ၀င်လာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ထိုးထုတ်ပြန်ထားသည့် ခရီးသွားပိတ်ပင်ချက်အပေါ် ဆန့်ကျင်ကန့်ကွက်နေသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများထဲတွင် အထက်လွှတ်တော် အမတ်များပါ ပူးပေါင်းပါဝင်လာသည်ကို တွေ့ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတ ထရမ့်အနေဖြင့် စတင်အာဏာရပြီးနောက်ပိုင်း ယခုအခါ မွတ်ဆလင်နိုင်ငံ ခုနစ်နိုင်ငံမှ ခရီးသွားလာသူများနှင့် ဒုက္ခသည်များ နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်သည့် အထူးအမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး ယင်းနှင့်ပတ်သက်၍ ယခုအခါ ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ယခုအခါ ဝါရှင်တန်ရှိ တရားလွှတ်တော်ချုပ် တရားရုံးရှေ့ လှေကားထစ်များတွင် စုရုံးဆန္ဒပြသူများနှင့်အတူ ကွန်ဂရက်လွှတ်တော်အမတ်များပါ ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်သည်။

ထရမ့်၏ ယင်းပိတ်ပင်ချက်နှင့်ပတ်သက်၍လည်း ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များကလည်း ထုတ်ဖော်ဝေဖန်မှုများ ရှိနေပြီး ရုံးစတက်ပြီး ပထမသီတင်းပတ်များအတွင်း ၎င်းလုပ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ၎င်း၏ပါတီ ရီပတ်ဘလစ်ကန်မျာအနေဖြင့် စိတ်မသက်မသာဖြစ်နေကြရပြီဖြစ်သည်။

ဇန်နဝါရီ ၃၀ ရက်မတိုင်မီက ထရမ့်၏ ယင်းပိတ်ပင်ချက်ချက်ကို လူသိရှင်ကြား ထုတ်ဖော်ဝေဖန်သည့် ရီပတ်ဘလစ်ကန်အမတ်ဦးရေ ၃၀ ထက်မနည်း ရှိနေခဲ့ပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly