ဗြိတိန်နိုင်ငံတစ်ဝန်း ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား

ဗြိတိန်နိုင်ငံတစ်ဝန်း ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား

လန်ဒန်၊ ဇန်နဝါရီ ၃၁ ။                ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မွတ်စလင်ခုနစ်နိုင်ငံမှ ခရီးသွားလာရောက်ခြင်းကို ပိတ်ပင်သည့် အငြင်းပွားဖွယ် အမိန့်ထုတ်ပြန်လိုက်ခြင်းကို ဆန့်ကျင်လျက် ဗြိတိန်နိုင်ငံတစ်ဝန်း လန်ဒန်အပါအဝင် မြိ့များစွာတွင် ထောင်ပေါင်းများစွာသော ပြည်သူများက ဆန္ဒပြကြသည်။

အီရတ်၊ ဆီးရီးယား၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့မှ ပြည်သူများ အမေရိကန်သို့ လာရောက်ခွင့်ကို ထရမ့်က ပိတ်ပင်မိန့် လက်မှတ်ထိုးထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါ ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး လုပ်ဆောင်ချက်နှင့် ပတ်သက်ကာ လွှတ်တော်အမတ်များက အရေးပေါ်ဆွေးနွေးမှုများ လုပ်ဆောင်နေသည်။

ထရမ့်၏ ဗြိတိန်နိုင်ငံသို့ အလည်လာရောက်ရန် ရှိခြင်းကို ပယ်ဖျက်ဖြစ်ရန် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေထံသို့ တောင်းဆိုသည့် လက်မှတ်ပေါင်းလည်း တစ်သန်းခွဲကျော်ထက်မနည်း ရှိနေသည်။

စာရေးဆရာနှင့် သတင်းကော်လံစားတစ်ဦးဖြစ်သည့် အိုဝင်ဂျုံး ကြီးကြပ်စီစဉ်သည့် လန်ဒန်က ဆန္ဒပြပွဲမှာ ဒေါင်းနင်းလမ်း အိမ်နံပါတ် ၁၀ အပြင်ဖက်တွင် ဖြစ်သည်။

ဝန်ကြီးချုပ် ထရီဆာမေအနေဖြင့် ရှက်တတ်ပါဆိုသည့် ကြွေးကြော်သံများ အပါအဝင် ဆောင်ပုဒ်များကို အော်ဟစ်ကြသည်။ ဆန္ဒပြရာတွင် ရှိနေသော သတင်းထောက်များက ဒေါင်းနင်းလမ်းအတွင်း ဆန္ဒပြသူအင်အားက ထောင်ပေါင်းများစွာရှိကြောင်း ပြောသည်။

အစောပိုင်းတွင် ဝန်ကြီးချုပ်ရုံးက ဘုရင်မကြီးကိုယ်စား ဒေါ်နယ်ထရမ့်အား ဗြိတိန်နိုင်ငံသို့ အလည်အပတ်လာရောက်ရန် ဖိတ်မန္တက ပြုခဲ့ရခြင်းဖြင့် အလွန်ကျေနပ်စရာဖြစ်ရကြောင်း ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly