ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ တင်ပြမည့်ရက် သမ္မတအမိန့်ဖြင့် ထပ်မံတိုးမြှင့်

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ တင်ပြမည့်ရက် သမ္မတအမိန့်ဖြင့် ထပ်မံတိုးမြှင့်

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ။                ။ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို စုံစမ်းစစ်ဆေးမှုပြီးစီးသည့်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်သည်ဟု ဇန်နဝါရီလ ၃၀ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်သည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်ခံရမှုများအပေါ် အဖြစ်မှန်ပေါ်ပေါက်လာစေရန်နှင့် အဆိုပါကိစ္စမျိုး ထပ်မံမဖြစ်ပွားစေရေးအတွက်   နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က ဖွဲ့စည်းပေးခဲ့ပြီး အစီရင်ခံစာကို ၂၀၁၇ ဇန်နဝါရီ ၃၁ ရက်နေ့အပြီး နိုင်ငံတော်သမ္မတထံ တင်ပြရန် သတ်မှတ်ထားပြီး ဖြစ်သည်။

သို့ပေမယ့် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးနှင့်ပတ်သက်သည့်စွပ်စွဲချက်အသစ်များ ထပ်မံပေါ်ပေါက်နေခြင်းကြောင့် အစီရင်ခံစာတင်သွင်းရမည့်ရက်ကို အဆိုပါကိစ္စများ ဆက်လက် စုံစမ်းစစ်ဆေးမှုပြီးစီးသည့်အချိန်အထိ တိုးမြှင့်သတ်မှတ်လိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးကက ယနေ့ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဒုသမ္မတ(၁) ဦးမြင့်ဆွေက ဥက္ကဌအဖြစ် ဦးဆောင်ပြီး ဦးအောင်ကြည်(အငြိမ်းစားပြည်ထောင်စုဝန်ကြီး) ၊ ဒေါက်တာအောင်ထွန်းသက်(အငြိမ်းစား၊ ကုလသမဂ္ဂ အကြီးတန်းအကြံပေး)၊ ရဲချုပ်ဇော်ဝင်း စသည့် အဖွဲ့ဝင်များ ပါဝင်ကာ စုစုပေါင်း ၁၃ ဦးဖြင့်ဖွဲ့စည်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly