ထရမ့်၏ ဗြိတိန်သို့ နိုင်ငံတော်ခရီးစဉ်အား ပယ်ချသွားရန်အတွက် လက်မှတ်ထိုးတောင်းဆိုသူ တစ်သန်းခန့်ရှိ

ထရမ့်၏ ဗြိတိန်သို့ နိုင်ငံတော်ခရီးစဉ်အား ပယ်ချသွားရန်အတွက် လက်မှတ်ထိုးတောင်းဆိုသူ တစ်သန်းခန့်ရှိ

ဇန်နဝါရီ ၃၀ ။            ။ မွတ်စလင်အများစုနေထိုင်ရာနိုင်ငံမှ သူများအားလာရောက်လည်ပတ်ခွင့် ပိတ်ပင်မှု အမိန့်ထုတ်ပြီးမကြာခင်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏   ဗြိတိန်သို့လာရောက်မည့်   နိုင်ငံတော်ခရီးစဉ်အား ပယ်ချသွားရန်အတွက် ဗြိတိန်အစိုးရအား လက်မှတ်ထိုးတောင်းဆိုသူအရေအတွက် ယနေ့တနင်္လာနေ့တွင်တစ်သန်းကျော်သွားပြီဖြစ် ကြောင်းသိရသည်။

“အမေရိကန်ပြည်ထောင်စုအစိုးရ၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဒေါ်နယ်ထရမ့်ဟာ ဗြိတိန်နိုင်ငံသို့ဝင်ရောက် ခွင့်ရရှိသင့်ပါတယ်။ သို့သော်လည်း နိုင်ငံတော်ခရီးစဉ်အနေဖြင့် တရားဝင်လည်ပတ်ရန် ဖိတ်ခေါ်ခြင်းကိုတော့ မခံရသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာဘုရင်မကြီးကို အရှက်ရစရာ ကိစ္စတစ်ခုဖြစ်စေနိုင်လို့ပါ” ဟု ဗြိတိန် ပါလီမန်ဝက်ဘ်ဆိုက်မှ ရေးသားခဲ့သည်။

“ဒေါ်နယ်ထရမ့်၏ မိန်းမမုန်းတီးမှုနှင့် အောက်တန်းကျရိုင်းပျမှုတို့ကြောင့် ဘုရင်မကြီးနှင့် ဝေလမင်းသားတို့ရဲ့ဖိတ် ကြားခြင်းကိုခံရဖို့ အရည်အချင်းမပြည့်မှီပါဘူး” ဟုလည်းရေးသားခဲ့သည်။

ပါလီမန်လက်မှတ်ထိုးတောင်းဆိုမှုတွင် ဗြိတိန်စာပို့သင်္ကေတဖြင့် မည်သူမဆို သွားရောက်လက်မှတ်ထိုးနိုင်ပြီး သွားရောက်လက်မှတ်ထိုးသူများကိုလည်း ၎င်းတို့ဟာ ဗြိတိန်တွင်နေထိုင်သူ သို့မဟုတ် နိုင်ငံသားများဖြစ် သလားဆိုတာကိုမေးခံရမည်ဖြစ်သည်။ အဆိုပါ အသနားခံလက်မှတ်တောင်းဆိုမှုသည် လက်မှတ်အရေအတွက် ၁၀၀၀၀၀ ကျော်ခန့်ရှိပါက ဥပဒေပြုသူအမတ်များက လက်ခံစဉ်းစားပေးသွားမည်ဖြစ်သည်။

Ref : AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly