ဒေါ်နယ်ထရမ့်၏ နိုင်ငံအတွင်း ၀င်ရောက်ခွင့်ပိတ်ပင်မှု အမိန့်ကြောင့် အော်စကာပွဲစီစဉ်သူများ အခက်ကြံုနေရ

ဒေါ်နယ်ထရမ့်၏ နိုင်ငံအတွင်း ၀င်ရောက်ခွင့်ပိတ်ပင်မှု အမိန့်ကြောင့် အော်စကာပွဲစီစဉ်သူများ အခက်ကြံုနေရ

အော်စကာပွဲစီစဉ်သူများက အီရန်နိုင်ငံမှ ရုပ်ရှင်ဖန်တီးသူတစ်ဦးဟာ အော်စကာဆုအတွက်တစ်ကြိုပေးထား ခြင်းခံထားရပြီး အော်စကာဆုပေးပွဲကို လာရောက်ရမှာဖြစ်သော်လည်း   ဒေါ်နယ်ထရမ့်၏ မွတ်စလင်နိုင်ငံမှသူများ အားအမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့်ပိတ်ပင်ထားမှုကြောင့် တကယ့်ကို အခက်အခဲကြုံတွေ့နေရ ကြောင်းပြောခဲ့သည်။

အီရန်လူမျိုးဖြစ်သူ ဒါရိုက်တာ အက်စ်ဂါဖာဟာဒီသည် သူရိုက်ကူးထားသော The Salesman ဇာတ်ကားဖြင့် အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်ဆုအတွက် အော်စကာဆုပေးပွဲ၌ စာရင်းသွင်းခံထားရပါသည်။

ဒါ့အပြင် အဆိုပါ ဇာတ်ကားမှ ခေါင်းဆောင်မင်းသမီးဖြစ်သူ တာရာနာအလီဒွတ်စ်ကတော့ သူမဟာ အဆိုပါ အခမ်းအနားကို မတက်ရောက်ဘဲ သပိတ်မှောက်သွားမှာဖြစ်ကြောင်း ပြောခဲ့သည်။

ယခုနှစ်အော်စကာဆုပေးပွဲကို ဖေဖေါ်ဝါရီ ၂၆ရက်နေ့တွင်ကျင်းပသွားမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ အီရန်နိုင်ငံသားများအားရက် ၉၀ ဝင်ရောက်ခွင့်ပိတ်ပင်မှု အမိန့်ကြောင့် အခက်အခဲ ကြုံနေရခြင်းဖြစ်သည်။

အော်စကာဆုပေးပွဲ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက “အီရန်ဇာတ်ကား A Separation ဖြင့်အော်စကာဆုရရှိ ခဲ့ဖူးသူဒါရိုက်တာ အက်စ်ဂါဖာဟာဒီနှင့် သူ၏ သရုပ်ဆောင်များ၊ အဖွဲ့သားများဟာ The Salesman ဇာတ်ကားဖြင့် ယခုနှစ်အော်စကာဆုပေးပွဲမှာ ဆုစာရင်းတင်သွင်းခံထားရသော်လည်း ၎င်းတို့၏ မိခင်နိုင်ငံနှင့် ဘာသာရေးယုံ ကြည်မှုတို့ကြောင့် လာရောက်ခွင့် ပိတ်ပင်ခံထားရတဲ့အတွက် လူ့အခွင့်အရေးကိုထောက်ခံသူများ ၊ရုပ်ရှင်ဖန်တီး သူများကိုအားပေးသူများအတွက် ဒါဟာတကယ့်ကို စိတ်ပျက်စရာအခြေအနေ တစ်ခုဖြစ်ပါတယ်” ဟုပြောခဲ့ပါ သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly