မကွေးတိုင်းဒေသကြီး လူငယ်စင်တာဖွင့်ပွဲနှင့် ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းများ ရှင်းလင်း

မကွေးတိုင်းဒေသကြီး လူငယ်စင်တာဖွင့်ပွဲနှင့် ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းများ ရှင်းလင်း

မကွေး၊ ဇန်နဝါရီ ၂၉ ။                ။ မကွေးတိုင်းဒေသကြီး လူငယ်စင်တာဖွင့်ပွဲနှင့် ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းများ ရှင်းလင်းတင်ပြခြင်းအား ယနေ့ ဇန်နဝါရီ(၂၉)ရက် နံနက်ပိုင်းက မကွေးမြို့ အောင်စေတနာရပ်ကွက် (၃)လမ်းရှိ မကွေးတိုင်းဒေသကြီး လူငယ်ကွန်ရက်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဓိက ကျင်းပရခြင်း ရည်ရွယ်ချက်မှာ မကွေးတိုင်းဒေသကြီး လူငယ်ကွန်ရက်၏ ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းများအား ပါဝင်ပတ်သက်သူများ ပိုမိုသိရှိလာစေရန်နှင့် ကူညီပံ့ပိုးမှုများ ရရှိနိင်စေရန်၊ သစ်တောများ
ရေရှည်တည်တံရေး ထိန်းသိမ်းနိင်ရန်နှင့်ဒေသခံများ အလုပ်အကိုင် အခွင့်လမ်း ရရှိစေနိင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလူငယ်ကွန်ရက်ထံမှ သိရှိရသည်။

“ တိုင်းဒေသကြီး လူငယ်ကွန်ရက် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ ရှေ့ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ကျွန်တော်က ရှင်းလင်းတင်ပြတယ် ။ ရုံးတာဝန်ခံ ကိုဇင်မင်းထိုက်က တိုင်းဒေသကြီးနဲ့ ဝါစိုက်ပျိုးခြင်း၊ တန်ဖိုးမြှင့်ပစ္စည်များ ထုတ်လုပ်ရောင်းချခြင်းနဲ့ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ အကြောင်း ပြောတယ်။ ပုဂံက ဝါးလက်မှုပညာရှင် ကိုဇော်လွင်ဦးက ဝါးလက်မှုပစ္စည်း ထုတ်လုပ်ရောင်းချမှုဆိုင်ရာအတွေ့အကြုံတွေကို ရှင်းလင်းပြောပါတယ်” ဟု တိုင်းဒေသကြီး လူငယ်ကွန်ရက် ညှိနိင်းရေးမှူ း ကိုသင့်ထက်ဝေက မဇ္ဈိမသို့ ပြောသည်။

“သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးအတွက် လူငယ်တွေ အင်အားအများကြီးလိုပါတယ် အခုလူငယ်တွေ စိတ်ဓာတ်ကို များစွာဂုဏ်ယူပါတယ်။ အားလည်းပေးတယ်။ ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ဇော်က ပြောသည်။

အဆိုပါ လူငယ်ကွန်ရက်ဖိုရမ်သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်ထန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးမြင်ဇော်နှင့် တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့် မကွေးတိုင်း(၂၅)မြို့နယ်မှ လူငယ်ကွန်ရက်အဖွဲ့ဝင်များ စုစုပေါင်း လူအင်အား(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly