မြိတ်မြို့ သာရမဲကျေးရွာတွင် ဘိန်းစာမှုန့် ၁၆ ဒသမ ၈၄ ကီလိုဂရမ်နှင့် အမျိုးသား ၄ ဦးကို ဖမ်းဆီး

မြိတ်မြို့ သာရမဲကျေးရွာတွင် ဘိန်းစာမှုန့် ၁၆ ဒသမ ၈၄ ကီလိုဂရမ်နှင့် အမျိုးသား ၄ ဦးကို ဖမ်းဆီး
ဓာတ်ပုံ- အမှတ် ၃၅ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (မြိတ်)

မြိတ်၊ဇန်နဝါရီ- ၂၉ ။            ။ တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု ၊ သာရမဲကျေးရွာတွင် ဘိန်းစာမှုန့် ၁၆ ဒသမ ၈၄ ကီလိုဂရမ်နှင့်အတူ အမျိုးသား၄ ဦးကို ဇန်နဝါရီ ၂၈ ရက်က အမှုဖွင့် ဖမ်းဆီးခဲ့ကြောင်း အမှတ ်၃၅ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (မြိတ်)ထံမှ သိရသည်။

အုပ်စုဖွဲ့ မူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းအရ သာရမဲကျေးရွာတွင်းရှိ နေအိမ် ၄ အိမ်ကို ဝင် ရောက်ရှာဖွေခဲ့ရာ ဒေသပေါက်ဈေး ကာလတန်ဖိုး (၁၆၈၄၀၀၀) ကျပ် တန်ကြေးရှိ ဘိန်းစာမှုန့်များကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါမူးယစ်ဆေးဝါးနှင့်အတူ အမျိုးသား ၄ ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ  မြိတ်မြို့ မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ရန်ကျော်(ခ)ကျော်ကျော် ကို မယ(ပ)၁၃/၂၀၁၇ ၊ မူးစိတ်ပုဒ် ၁၅/ ၁၉(က)၊ အောင်ဇော်လင်း မယ(ပ)၁၄/၂၀၁၇၊ မူးစိတ်ပုဒ် ၁၅/၁၉(က)၊ရန်အောင် မယ(ပ)၁၅/၂၀၁၇ ၊ မူးစိတ်ပုဒ် ၁၅/၁၆(ဂ)နှင့် မောင်စိုး(ခ)ရခိုင် မယ(ပ)၁၆/၂၀၁၇ ၊ မူးစိတ်ပုဒ် ၁၅/၁၆(ဂ) တို့ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly