အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်တန်ဘိုးရှိ စီမံကိန်းများ အီးယူကုမ္ပဏီများနှင့်ဆောင်ရွက်ရန် အီရန်သဘောတူ

အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်တန်ဘိုးရှိ စီမံကိန်းများ အီးယူကုမ္ပဏီများနှင့်ဆောင်ရွက်ရန် အီရန်သဘောတူ

ဗီယင်နာ၊ ဇူလိုင် ၂၃ ။       ။ ယခုလတွင် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား နျူကလီးယား သဘောတူညီချက် တစ်ခု ရရှိပြီးနောက် အီရန်ရှိ စီမံကိန်းများတွင် ရင်းနှီးမြုပ်နှံလိုသော ဥရောပကုမ္ပဏီအချို့နှင့် ညိနှိုင်းဆွေးနွေးမှုများကို အီရန်က အပြီး သတ်သဘောတူညီမှုများ ရရှိလိုက်ပြီဖြစ်သည်ဟု အီရန်ဒု-ဝန်ကြီးတစ်ဦးက ဇူလိုင် ၂၃ တွင်ပြောကြားခဲ့သည်။

"မကြာသေးမီက ဥရောပရင်းနှီးမြုပ်နှံသူတွေ အီရန်ကို ပြန်လာတာတွေ့နေရပါတယ်။ စေ့စပ်ညိနှိုင်းမှုအချို့ကတော့ အပြီးသတ် သဘောတူညီမှုရပြီးပါပြီ။ ကျွန်တော်တို့ အတည်ပြုပြီး သူတို့ကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလိုင်စင်တွေ ထုတ်ပေးလိုက်ပါတယ်"ဟု အီးယူနှင့် အီရန်ကြား ကုန်သွယ်ရေးမြင့်တင်မှုကွန်ဖရင့်တစ်ခုတွင် အီရန်စီးပွားရေး ဒု-ဝန်ကြီး မိုဟာမက်ခါဇာအေ ကပြောကြား ခဲ့သည်။

"လွန်ခဲ့တဲ့သီတင်းနှစ်ပတ်အတွင်းကလောက်တောင် အီရန်ရဲ့ဒေါ်လာ နှစ်ဘီလျံကျော်တန် စီမံကိန်းတွေမှာ ဥရောပကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံဖို့ ကျွန်တော်တို့ အတည်ပြုလိုက်ပါတယ်"ဟု ၎င်းကဆိုသည်။ သို့သော်လည်း ကုမ္ပဏီများ၏ အမည်များ၊ သဘောတူ ညီချက်နှင့် ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကိုမူ ၎င်းက မပြောကြားခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly