The Monk ရုပ်ရှင် ဇာတ်ကား စီနီမာလာယာ ဖိလစ်ပိုုင် အင်ဒီပန်းဒန်စ် ရုုပ်ရှင် ပွဲတော်၌ပြသမည်

The Monk ရုပ်ရှင် ဇာတ်ကား စီနီမာလာယာ ဖိလစ်ပိုုင် အင်ဒီပန်းဒန်စ် ရုုပ်ရှင် ပွဲတော်၌ပြသမည်

ရန်ကုန် ၊ ဇူလိုင် ၂၃ ။      ။ The Monk ဇာတ်ကားကို ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တွင် ကျင်းပမည့် Cinemalaya Philippine Independent Film Festival (စီနီမာလာယာ ဖိလစ်ပိုင် အင်ဒီပန်းဒန်စ်)ရုပ်ရှင်ပွဲတော် တွင် ပြသရန် ရွေးချယ် ထားကြောင်း ယင်းဇာတ်ကား၏ ဖေ့ဘွတ်စ် စာမျက်နှာတွင် ရေးသား ဖော်ပြ ထားသည်။

Cinemalaya Philippine Independent Film Festival သည် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တွင် ၁၁ ကြိမ်မြောက် ကျင်းပပြု လုပ်ခြင်းဖြစ်ပြီး The Monk ဇာတ်ကားကို အာရှ၏ အကောင်းဆုံး ရုပ်ရှင်များကို ရွေးချယ် ပြသသည့်  အစီအစဉ် အဖြစ်ပြသ မည်ဖြစ်သည်။

The Monk ရုပ်ရှင် ဇာတ်ကားကို ဒေါက်တာ အောင်မင်းက ဇာတ်ညွှန်း ရေးသား ထားခြင်း ဖြစ်ပြီး ဇာတ်လမ်း ရိုက်ကူး ရန် ၂၀၁၂ ခုနှစ် အစောပိုင်းတွင် စတင် ခဲ့ကာ ဒါရိုက်တာ သည်မော်နိုင်က ရိုက်ကူး ပုံဖော် ထားသည်။

The Monk ရုပ်ရှင် ဇာတ်ကားသည် ကျောင်းထိုင်ဘုန်းကြီး တစ်ပါးက မွေးစားလိုက်၍ ကိုရင်ဖြစ်နေ သော်လည်း ၎င်း၏ ဘ၀ အတွက် တကယ်တမ်း ဘာလုပ်ချင်သည်၊ ဘာလုပ်သင့်သည် ဆိုခြင်းကို ကိုယ်တိုင်ဆန်းစစ်ပြီး အခက်အခဲများ ရင်ဆိုင်ရပုံများကို ရိုက်ကူးထားသည့် တစ်နာရီခွဲစာ ဇာတ်လမ်း ရုပ်ရှင်ဖြစ်သည်။

ထိုဇာတ်ကားကို ပြင်သစ်နိုင်ငံ ပင်လယ် ဆိပ်ကမ်းမြို့ La Rochelle လာရိုချဲလ်တွင် ဇွန် လ ၂၆ မှ ဇူလိုင် ၅ ရက် နေ့ အထိ ကျင်းပ ခဲ့သည့် လာရိုချဲလ် နိုင်ငံ တကာ ရုပ်ရှင်ပွဲတော် တွင်လည်း ပြသ ခဲ့သည်။ ထိုပွဲတော်သည် အခြားသော ရုပ်ရှင်ပွဲတော် များမှ ဆုရ ထားသည့် ဇာတ်ကားများ ကိုသာ အဓိက ရွေးချယ် ပြသသည့် ပွဲတော် ဖြစ်သည်။

Cinemalaya Philippine Independent Film Festival ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် သြဂုတ် ၇ ရက်မှ ၁၆ ရက် ထိ ကျင်းပ ပြုလုပ် မည် ဖြစ်ပြီး ဒါရိုက်တာ သည်မော်နိုင် ကို တက်ရောက် ရန်လည်း ဖိတ်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly