Wow လို့ပြောရလောက်အောင် လှပတဲ့ Bokeh (ဘိုခေး) ပုံ ရိုက်ကြရအောင်

Wow လို့ပြောရလောက်အောင် လှပတဲ့ Bokeh (ဘိုခေး) ပုံ ရိုက်ကြရအောင်

Bokeh (ဘိုခေး) လုပ်ဆောင်ချက်ဆိုတာကတော့ ဓါတ်ပုံရိုက်တဲ့အခါ မိမိချိန်ထားတဲ့ ပုံမှာ ကိုယ်လိုချင်တဲ့ အရာကိုပဲ ထင်းအောင်၊ ထင်ပေါ်အောင်လုပ်ပြီး တခြားမလိုအပ်တဲ့နေရာတွေကို မထင်မရှားဖြစ်အောင်၊ ဝေဝါးအောင်လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ကင်မရာရဲ့ ချို့ယွင်းချက်တစ်ခုခုကြောင့် ဝါးနေတာမျိုးမဟုတ်ဘဲ မိမိချိန်ထားတဲ့ အရာဝတ္ထု၊ပုံရိပ်ကိုပဲ ကြည်ကြည်လင်လင် ထင်ထင်ရှားရှားဖြစ်အောင် ရိုက်ကူးတဲ့ ဓာတ်ပုံပညာတစ်ခုဖြစ်ပါတယ်။ မလိုအပ်တဲ့ အရာတွေကို ဝေဝါပြီး အဓိက နေရာကိုသာ ထင်ထင်ရှားရှားပြသပေးထားခြင်းက ကြည့်ရှုသူကို မျက်စိပသာဒ ဖြစ်စေရုံသာမက ဓာတ်ပုံကိုလည်း ပိုမိုစွဲဆောင်မှုရှိစေပါတယ်။

အရင်တုန်းက ဒီလို Bokeh (ဘိုခေး) ပုံတွေ ရဖို့အတွက် DSLR ကင်မရာတွေနဲ့ ပဲရိုက်ကူးနိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ Bokeh (ဘိုခေး) ပုံ ရိုက်ဖို့အတွက် အလွယ်ကူဆုံးနဲ့ အသင့်တောဆုံး ကင်မရာနှစ်လုံးပါ စမတ်ဖုန်းတွေ ရှိနေပါပြီ။

၁။ Bokeh (ဘိုခေး) ပုံရိုက်ကူးဖို့အတွက် GR5 2017 ရဲ့ ကင်မရာကို အရင်ဆုံးဖွင့်လိုက်ပါ။ ကိုယ်ရိုက်ချင်တဲ့ နေရာ၊ ပုံကို ချိန်လိုက်ပါ။

၂။ ပုံမှာ ပြထားတဲ့အတိုင်း အပြာကွက်လေးလင်းနေတဲ့ Wide Aperture Mode တစ်နည်းအားဖြင့် Bokeh (ဘိုခေး) လုပ်ဆောင်ချက် (အပေါ်ဘားတန်းရဲ့ ဘယ်ဘက်ကနေရေရင် ဒုတိယတစ်ခု) ကို နှိပ်လိုက်ပါ။

၃။ Wide Aperture Mode ကို ရောက်သွားရင် မိမိ ချိန်လိုတဲ့ အရာဝတ္ထုကို တစ်ချက်နှိပ်လိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း Aperture ညှိလို့ရမယ့် Aperture Point လေး ပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒီ Aperture Point ကို အပေါ်အောက်ဆွဲနိုင်ပြီးတော့ အပေါ်ကို ဆွဲလိုက်ရင် Aperture ပွင့်ပြီး မိမိ ချိန်လိုက်တဲ့အရာမှအပ အခြားအရာတွေ ဝေဝါးသွားမှာဖြစ်ပါတယ်။ အောက်ကိုဆွဲလိုက်ရင် Aperture ပိတ်သွားပြီး ပုံမှန်ဓါတ်ပုံရိုက်သလို အားလုံးကြည်လင်သွားမှာပဲ ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့အနေအထားရရင် ရိုက်လိုက်ပါ။  

၄။ ဓါတ်ပုံရိုက်ပြီးသွားရင်လဲ နဂိုရိုက်ထားတဲ့ ဓါတ်ပုံရဲ့ Aperture Point ကို ပြန်လည်ပြုပြင်လိုပါက ပုံမှာပြထားတဲ့အတိုင်း Aperture ပုံလေးကို နှိပ်ပြီး ကိုယ်လိုချင်တဲ့ နေရာကို ပြန်ချိန်ညှိပြီး Aperture အတိုးအလျှော့ လုပ်နိုင်ပါတယ်။

၅။ ပုံမှာတော့ နဂို ပန်းအိုးကို ချိန်ထားရကနေ အနောက်က Dream Catcher ကို ပြောင်းပြီး ချိန်လိုက်တာကို မြင်ရမှာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အနေအထားရရင် ညာဘက်အပေါ်ထောင့်က Save ကို နှိပ်ပြီး ဓါတ်ပုံအသစ်ကို သိမ်းဆည်းနိုင်ပါတယ်။

၆။ Save လုပ်ပြီးသွားရင်တော့ ပုံမှာပြထားတဲ့အတိုင်း ပြောင်းပြီး ချိန်ထားတဲ့ ပုံအသစ်တစ်ပုံ ရရှိမှာဖြစ်ပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly