အာဟာရပြည့် ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးကြရအောင်

27 January 2017
အာဟာရပြည့် ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးကြရအောင်
 

“ရိုကိုလီ”လို့ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်းကတော့ အအေးကြိုက်သီးနှံပင် ဖြစ်ပြီး နှစ်ချင်းသီး သီးနံှပင်လည်း ဖြစ်ပါတယ်။ ပန်းပွင့်ကိုသာ စားသုံးရပြီး အပင်ရဲ့အမြင့်က ၂ ပေနဲ့ အပင်ရဲ့အကျယ်ကတော့ ၂ ပေခန့် ရှိပါတယ်။

အီတလီနိုင်ငံရဲ့ အရသာရှိ သီးနံှပင်ဖြစ်ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ခန့်ကစပြီး ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့ခဲ့တာလည်း ဖြစ်ပါတယ်။ ပန်းပွင့်စိမ်းမှာ အာဟာရဓာတ် များစွာပါဝင်တဲ့အပြင် ကင်ဆာရောဂါကိုလည်း တိုက်ဖျက်နိုင်စွမ်း ရှိပါတယ်။ အစိမ်းလိုက်ဖြစ်စေ ရေနွေးနဲ့ပေါင်း၍ဖြစ်စေ ကြော်ချက်၍ဖြစ်စေ စားသုံးနိုင်ပါတယ်။

ပန်းဂေါ်ဖီအစိမ်းရောင်အပင်တွေကတော့ အေးတဲ့ရာသီတွေမှာဆိုရင်တော့ ဖြစ်ထွန်းပါတယ်။ မိုးရာသီမှာ အပွင့်ရလိုတယ်ဆိုရင်တော့ နွေနှောင်းပိုင်းမှာ စိုက်ပျိုးနိုင်ပြီးတော့ နွေဦးပေါက်မှာ အပွင့်ရလိုတယ်ဆိုရင်တော့ မိုးရာသီမှာ အအေးဒဏ်ခံနိုင်တဲ့ မျိုးတွေကို ရွေးချယ် စိုက်ပျိုးနိုင်ပါတယ်။

နိုက်ထရိုဂျင် ဖော့စ်ဖောရဲ့စ်နဲ့ ကယ်ဆီယံဓာတ် ကြွယ်ဝတဲ့မြေတွေမှာဆိုရင်တော့ ပိုမိုဖြစ်ထွန်းပါတယ်။ စိုက်ပျိုးမယ့် မြေကွက်အပေါ်မှာတော့ ၂ လက်မခန့် မြေဆွေးများ ထည့်ပေးရမှာပါ။ တစ်ကျင်းကို ၃ စေ့နှုန်းနဲ့ လက်မဝက်ခန့် မြေမြှုပ်ပြီး စိုက်ပျိုးပေးရမှာပါ။ တစ်ကျင်းနဲ့တစ်ကျင်းကို ၁၈ လက်မအကွာထားပြီး တစ်တန်းနဲ့တစ်တန်းကို ၃ ပေခန့် ခွာထားပေးရမှာပါ။ အပင်များကို မထိခိုက်စေရန်အတွက် လက်နဲ့ ပေါင်းလိုက်ပေးရမှာလည်း ဖြစ်ပါတယ်။

မြေဆီလွှာအစိုဓာတ် မျှတစေရန် လိုအပ်ပါတယ်။ စိုက်ပျိုးပြီး ၃ ပတ်အတွင်းမှာတော့ ဓာတ်မြေသြဇာများကို ကျွေးရမှာလည်း ဖြစ်ပါတယ်။ သုံးပတ်ကိုတစ်ကြိမ် နိုက်ထရိုဂျင်ဓာတ် များများပါတဲ့ မြေသြဇာကို စိုက်တန်းဘေးကနေ ကျွေးပေးရမှာလည်း ဖြစ်ပါတယ်။

အပင်ပေါက်ကလေးများ အရွယ်ရောက်လာတယ်ဆိုရင်တော့ သန်မာတဲ့အပင်ကိုသာ ချန်ထားပြီး ကျန်တဲ့အပင်တွေကို နှုတ်ပေးရမှာပါ။ အမြန်နှုတ်သိမ်းလိုပါက ပျိုးပင်ပေါက်တွေကို စိုက်ပျိုးရမှာလည်း ဖြစ်ပါတယ်။ ရာသီဥတု အေးလျင်ဖြစ်စေ မြေဆီလွှာအစိုဓာတ် နည်းလျင်ဖြစ်စေ မြေသြဇာနည်းလျင်ဖြစ်စေ ပန်းပွင့်အထုပ်တွေ သေးတတ်ပါတယ်။

ဖော့စ်ဖောရဲ့စ် လိုအပ်လာပါက အရွက်များဟာ ခရမ်းရောင် လိုအပ်လာပါတယ်။ မြေဆီလွှာအပူချိန် မြင့်တက်လာတဲ့အချိန်မှာ ဖော့စ်ဖောရဲ့စ်ကို ကျွေးပေးရမှာဖြစ်ပါတယ်။ မြေဆီလွှာအေးနေတယ်ဆိုရင်တော့ ဖော့စဖောရဲ့စ်ကို အပင်တွေက စားသုံးရန် မလွယ်ကူတဲ့အတွက်ပဲ ဖြစ်ပါတယ်။

ပန်းဂေါ်ဖီစိမ်းတွေကတော့ အမျိုးအစား များစွာရှိတဲ့အတွက်ကြောင့် သက်တမ်းအားဖြင့် ၂ လကနေ ၄ လအထိ ရှိကြပါတယ်။ ပန်းဂေါ်ဖီစိမ်းတွေက ပွင့်ထုပ် တစ်ခုသာဖြစ်ပေါ်ပြီး အထုပ်ကို ဖြတ်ပြီးမှသာ အတက်များ ထွက်ပေါ်လာပြီး အထုပ်လေးများ ထွက်ပေါ်လာတတ်ပါတယ်။ အထုပ်များဟာ ကျစ်လစ်ပြီး ဓားထက်ထက်နဲ့ ဖြတ်ယူရမှာပါ။ ဖြတ်ယူတဲ့အခါမှာလည်း ပင်စည်ရိုးတံကို ခြောက်လက်မခန့် ချန်ပြီးတော့ ဖြတ်ယူရမှာလည်း ဖြစ်ပါတယ်။

ပန်းထုပ်မှာ ပန်းပွင့် အဝါရောင်သေးသေးလေးတွေ ထွက်ပေါ်လာတယ်ဆိုရင်တော့ ပန်းထုပ် ရင့်လာခြင်းလည်း ဖြစ်ပါတယ်။ အတက်မှထွက်လာတဲ့ အထုပ်ကလေးများကိုလည်း ရင့်လာတဲ့အချိန်မှာ ဖြတ်ယူစားသုံးနိုင်ပါတယ်။

ဂေါ်ဖီထုပ်လောက်ကောင်နဲ့ ဂေါ်ဖီထုပ်ခူကောင်တွေကတော့ အဓိကပိုးကောင်တွေပဲ ဖြစ်ပါတယ်။ အစိမ်းရောင် ခူကောင်လေးတွေကတော့ အရွက်တွေကို အပေါက်ဖြစ်အောင် စားသုံးပြီး အထုပ်ထဲမှာ ပုန်းအောင်းနေတတ်ပါတယ်။ ပျပိုးနဲ့ ဖြတ်ပိုးလောက်ကောင်တွေကတော့ အပင်ငယ်လေးတွေကို ဖျက်ဆီးတတ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly