နေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံး ပြိုင်ပွဲတွင် ရန်ကုန်အသင်း ပြန်လည် ဦးဆောင်

နေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံး ပြိုင်ပွဲတွင် ရန်ကုန်အသင်း ပြန်လည် ဦးဆောင်
အမှတ်ပေးဇယား ဦးဆောင်နေသော ရန်ကုန် လူငယ်အသင်း။ (ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက်)

ဇူလိုင် ၂၃၊ ရန်ကုန်။     ။ ၂၀၁၅ အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၈ အပြီးတွင် အမှတ်ပေး ဇယားကို ရန်ကုန်လူငယ်အသင်း ကပြန်လည် ဦးဆောင်ခဲ့သည်။

ပွဲစဉ် ၁၈ တွင် ရန်ကုန်အသင်းက မနောမြေအသင်းကို ၆-၀ ဂိုး၊ MFF Youth အသင်းက ချင်းယူနိုက်တက်အသင်းကို ၇-၀ ဂိုး၊ ကမ္ဘောဇအသင်းက မကွေးအသင်းကို ၁-၀ ဂိုးတို့ဖြင့် အနိုင်ရခဲ့သည်။

ဇေယျာရွှေမြေအသင်းနှင့် ဧရာဝတီအသင်းတို့ပွဲမှာ တစ်ဂိုးစီ သရေကျခဲ့သလို ဟံသာဝတီအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း မှာလည်း တစ်ဂိုးစီ သရေကျခဲ့သည်။

ရတနာပုံ အသင်းမှာ ဇွဲကပင်အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သောကြောင့် အမှတ်ပေးဇယား ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။

ပွဲစဉ် ၁၈ အပြီးတွင် ရန်ကုန်အသင်းက ၁၆ ပွဲကစားထားရာ ၁၂ ပွဲနိုင်၊ သုံးပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၃၉ မှတ်ဖြင့် ဒုတိယ နေရာမှ ရတနာပုံအသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာ၊ လက်ကျန်တစ်ပွဲလျော့ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေ ခြင်းဖြစ်သည်။

အမှတ်ပေးဇယား ဒုတိယ နေရာမှ ရတနာပုံအသင်းမှာ ၁၇ ပွဲကစားထားရာ ၁၁ ပွဲ နိုင်၊ ခြောက်ပွဲ သရေ ၊  ရှုံးပွဲမရှိ ရမှတ် ၃၉ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

အမှတ်ပေးဇယား တတိယနေရာတွင် ဇွဲကပင်အသင်းက၂၈ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၄ နေရာတွင် MFF Youth အသင်း ကရမှတ် ၂၇ မှတ်ဖြင့် ရပ်တည်နေသည်။

အဆင့် ၅ နေရာတွင် ဇေယျာရွှေမြေအသင်းက ရမှတ် ၂၆ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၆ နှင့် အဆင့် ၇ နေရာများတွင် ရခိုင် ယူနိုက်တက်အသင်းနှင့် ကမ္ဘောဇအသင်းတို့က ရမှတ် ၂၅ မှတ်စီဖြင့် ရပ်တည်နေသည်။ အမှတ်ပေးဇယား အောက်ဆုံး အဆင့် ၁၃ နေရာတွင် ရပ်တည်နေသော ချင်းယူနိုက်တက်အသင်းမှာ ၁၇ ပွဲကစားထားပြီးရာတွင် ၁၇ ပွဲစလုံး ရှုံးနိမ့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly