အီရန်သဘောတူညီချက်ကို အမေရိကန်ပြည်သူ ၁၀၀၀၀ခန့်က တိုင်းမ်ရင်ပြင်တွင် စုရုံးဆန္ဒပြ

အီရန်သဘောတူညီချက်ကို အမေရိကန်ပြည်သူ ၁၀၀၀၀ခန့်က တိုင်းမ်ရင်ပြင်တွင် စုရုံးဆန္ဒပြ

နယူးယောက်၊ ဇူလိုင်-၂၃ ။     ။ အဆိုပြုထားသည့် အီရန်နှင့် နျူကလီးယားသဘောတူညီချက်ကို အမေရိကန် ကွန်ဂရက် လွှတ်တော်က ကန့်ကွက်မဲပေးရေး တောင်းဆိုရန်အတွက် ထောပေါင်းများစွာသော ဆန့်ကျင်ဆန္ဒပြသူများမှာ ဇူလိုင်လ ၂၂ ရက်နေ့က တိုင်းမ်ရင်ပြင် (Times Square)သို့ လာရောက်စုဝေးခဲ့ကြသည်ဟုဆိုသည်။

လူအုပ်ကြီးက ရဲအတားအဆီးများနောက်တွင် စုရုံးကာ ‘သဘောတူညီချက်ကို ဖျက်ပစ်’’ဟု ကြွေးကြော်နေကြရာ ၎င်းတို့၏ အသံ ကို ဘလောက်များစွာအကွာမှပင် ကြားနိုင်ကြသည်ဟုဆိုသည်။ ‘အီရန်ကိုရပ်တန့်ပစ် စုရုံးပွဲ’ဟု အမည်ရသည့် ဤလှုပ်ရှားမှု တွင် အစ္စရေးလိုလားသည့် ထောက်ခံသူ အများစုပါဝင်သော်လည်း ဘာသာစုံ၊ နိုင်ငံရေးယဉ်ကျေးမှုစုံ အမေရိကန်များကို ကိုယ်စားပြု သည်ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

အီရန်နိုင်ငံအား နျူကလီးယားလက်နက် တည်ဆောက်ခြင်းမှ တားဆီးရန် အလဲအထပ်အနေဖြင့် အမေရိကန်က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားပေးရမည့် သဘောတူညီချက်ကို ကွန်ဂရက်က ပယ်ချရန် ဆန္ဒပြသည့် အုပ်စုကတောင်း ဆိုနေခြင်းပင် ဖြစ်သည်။     

သမ္မတ ဘားရက်အိုဘားမားကမူ အမေရိကန်ပြည်ထောင်စုက အီရန်ကို ရန်သူအဖြစ်သဘောထားသောကြောင့် လှုပ်ရှားမှုများ ကိုစေ့စေ့စပ်စပ်စောင့်ကြည့် သွားမည်ဟုပြောကြားခဲ့သည်။

စုရုံးဆန္ဒပြပွဲတွင် ထင်ရှားသည့် ဂျူးလူမျိုးရှေ့နေ အလန် ဒါရှိုဝစ်က အီရန်နှင့် သဘောတူညီချက်ကို လစ်ဘရယ်ဒီမိုကရတ် တစ်ယောက်အနေနှင့် ဆန့်ကျင်ကြောင်း၊ အိုဘားမားအစိုးရက ကွန်ဂရက်၏ သဘောထားကိုမယူဘဲ သဘောတူညီချက်ရယူခဲ့ သည့်အတွက် ဒီမိုကရေစီကို လျစ်လျူရှုရာရောက်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ဆန္ဒပြပွဲသို့ လူပေါင်း ၁၀၀၀၀ နီးပါး တက်ရောက်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly