အီရန်နိုင်ငံတွင် လုပ်ဖော်ကိုင်ဖက်များ လွတ်မြောက်ရေး ဆန္ဒပြတောင်းဆို သည့်ကျောင်းဆရာ ၂၀၀ကျော်ကို ဖမ်းဆီး

အီရန်နိုင်ငံတွင် လုပ်ဖော်ကိုင်ဖက်များ လွတ်မြောက်ရေး ဆန္ဒပြတောင်းဆို သည့်ကျောင်းဆရာ ၂၀၀ကျော်ကို ဖမ်းဆီး

ပါရီ၊ ဇူလိုင်-၂၃ ။       ။ တက်ကြွလှုပ်ရှားသည့် အုပ်စုတစ်စု ၏ပြောကြားချက်အရ လုပ်ဖော်ကိုင်ဖက် များကိုထောင်မှလွှတ်ပေး ရန်တောင်းဆိုနေကြသော တီဟီရန် ပါလီမန်အပြင်ဘက် ဆန္ဒပြမှုတစ်ခုအတွင်း ကျောင်းဆရာ ၂၀၀ကျော်ကို ဇူလိုင်၂၂ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

အီရန် ပါလီမန်အဆောက်အအုံရှေ့တွင် စုရုံးလာကြပြီး ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ‘ဖမ်းဆီးထားသူများကို လွှတ်ပေး’’ ဟု ကြွေးကြော်နေကြသည့် နိုင်ငံတစ်ဝန်းလုံးမှ ကျောင်းဆရာ ၂၀၀ကျော်ကို အာဏာပိုင်များက ဖြိုခွင်းခဲ့သည်ဟု ပါရီအခြေစိုက် အီရန်အမျိုးသားတော်လှန်ရေးကောင်စီ (NCRI)က ပြောကြားခဲ့သည်။

လမ်းများပေါ်တွင် မော်တော်ဆိုင်ကယ်များနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲ များခြေချင်း လိမ်နေကြပြီး၊ မီးရထား ဘူတာရုံများတွင် လည်း လုံခြုံရေးကို အထူးတင်းကျပ်ထားသည်ဟု ပြည်နှင်ဒဏ်ခံနေရသည့် ဒီမိုကရေစီလိုလားသည့် အီရန်တက်ကြွလှုပ်ရှားသူ များအုပ်စုက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

‘ဒီနေ့ တီဟီရန်က ကျောင်းဆရာတွေရဲ့ ဆန္ဒပြပွဲမှာ အဖမ်းခံရသူ အရေအတွက်က ၂၀၀အထိ ရောက်ရှိသွားခဲ့ပါပြီ’’ဟု ထိုအုပ်စု ကပြောကြားခဲ့သည်။    

 ‘ဖိနှိပ်ရေးအင်အားစုတွေက ကျောင်းဆရာတွေကို လူစုခွဲဖို့ လူအုပ်ကို တိုက်ခိုက်ခြင်းအပါအဝင် နည်းအမျိုးမျိုးသုံးပေမယ့်လည်း လွတ်လပ်မှုကို မြတ်နိုးတဲ့ ကျောင်းဆရာတွေက တိုက်ခိုက်မှုကို ကြံ့ကြံ့ခံပြီး ပြန်လည်စုဝေးခဲ့ကြတယ်’ဟုလည်း ထိုအုပ်စုက ထပ်လောင်းပြောကြားသည်။

ထိုအုပ်စု၏ ပြောကြားချက်အရ ဆန္ဒပြသူများက ကျောင်းဆရာများ၏ အခွင့်အရေးကို ရပ်ခံကာကွယ်သည့်အတွက် အကျဉ်းကျ ခံနေရသည့် ကျောင်းဆရာသမဂ္ဂ၏ အကြီးအကဲ အက်စ်မာအယ် အက်ဘဒီကဲ့သို့သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို လွှတ်ပေးရန်အတွက် စုဝေးတောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

NCRIမှာ လူသိများပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂက အကြမ်းဖက်အုပ်စုတစ်စုအဖြစ် ယူဆထားသည့် အီရန် ပြည်သူ့ မိုဂျာဟီဒင်အဖွဲ့အပါအဝင် အီရန်အတိုက်အခံအုပ်စုများကို ပေါင်းစုထားသည့် ညွှန့်ပေါင်းအဖွဲ့ကြီးပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly