သူမရဲ့ဖခင် မိုက်ကယ်ဂျက်ဆင်ဟာ အသတ်ခံရတာဖြစ်ကြောင်း ပဲရစ်ဂျက်ဆန် ပြောကြား

သူမရဲ့ဖခင် မိုက်ကယ်ဂျက်ဆင်ဟာ အသတ်ခံရတာဖြစ်ကြောင်း ပဲရစ်ဂျက်ဆန် ပြောကြား

ကွယ်လွန်သူ အဆိုတော် မိုက်ကယ်ဂျက်ဆင်၏ တစ်ဦးတည်းသော သမီးဖြစ်သူ ပဲရစ်ဂျက်ဆင်က သူမရဲ့ဖခင်ဟာ အသတ်ခံရတာ ဖြစ်တယ်လို့ သူမယုံကြည်ကြောင်း ပြောခဲ့ပါသည်။

ရိုးလင်းစတုန်းမဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သော စေ့စေ့စပ်စပ် အင်တာဗျူးတစ်ခု၌ ၂၀၀၉ခုနှစ်တုန်းက ဖြစ်ပွားခဲ့သော မိုက်ကယ်ဂျက်ဆင်၏ သေဆုံးမှုဟာ အကွက်ကျကျ လုပ်ကြံခံရတာဖြစ်တယ်လို့ သူမယုံကြည်ကြောင်း ပြောခဲ့ပါ သည်။

အဆိုတော်မိုက်ကယ်ဂျက်ဆင်ဟာ လိုတာထက်ပိုပြီး အားကောင်းသော ထုံဆေးအသုံးပြုခဲ့မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ပါသည်။ သူ၏ဆရာဝန် ကွန်ရက်ဒ်မာရေးဟာ မရည်ရွယ်ပဲ လူသေမှုဖြင့်အပြစ်ရှိကြောင်း ကြေညာခံခဲ့ရသည်။

သို့သော်လည်း ပဲရစ်ကတော့ ဒီထက်ပိုတဲ့ အဖြစ်အပျက်တစ်ခုရှိမယ်လို့ ယုံကြည်နေကာ “အဖေက သူ့ကိုလူတွေ ဟာ အန္တရာယ်ပေးဖို့ ရည်ရွယ်ထားတယ်လို့ အရိပ်အမြွက်ပြောကြားဖူးပါတယ်” ဟု သူမကပြောခဲ့သည်။

အင်တာဗျူးလုပ်ခဲ့သူ ဘရိုင်ယန်က သူမအား သူမ၏ဖခင်ဟာ အသတ်ခံခဲ့ရတယ်လို့ ထင်သလားဟု မေးမြန်းခဲ့ရာတွင် သူမက “ဟုတ်တာပေါ့ လုံးဝသေချာတယ်” ဟု ပြန်ဖြေခဲ့သည်။

“ဒါဟာအလွန်ကို သိသာလွန်းပါတယ်။ ဒါဟာ အထင်အမြင်တစ်ခုလို့သာ ထင်ရပေမယ့်လည်း အဖေ့ရဲ့ပရိသတ် အစစ်အမှန်တွေနဲ့ မိသားစုဝင်တွေ အားလုံးကတော့ ဒါကိုအကွက်ကျကျ လုပ်ကြံခဲ့ရတာလို့ပဲ သိထားကြပါတယ်” ဟု သူမက ဆက်ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly