ဂရိပါလီမန် အရေးကြီးသည့် ထုတ်ဆယ် ကယ်တင်ရေးပြုပြင်ပြောင်းလဲ မှုများကို အတည်ပြု

ဂရိပါလီမန် အရေးကြီးသည့် ထုတ်ဆယ် ကယ်တင်ရေးပြုပြင်ပြောင်းလဲ မှုများကို အတည်ပြု

အေသင်၊ ဇူလိုင်-၂၃ ။     ။ ဂရိနိုင်ငံမှာ ၎င်း၏ ပါလီမန်က ဒုတိယပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အတည်ပြု လိုက်ခြင်းကြောင့် ထုတ်ဆယ်ကယ်တင်ရေး ချေးငွေနှင့် ပိုမိုနီးစပ်လာခဲ့ရာ ကြွေးရှင်နိုင်ငံများက တောင်းဆိုသည့်အတိုင်း ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပါက ဥရောပသမဂ္ဂ၏ ယူရို ၈၆ဘီလျံ ချေးငွေနှင့် ပတ်သက်၍လည်း ပြန်လည်ညှနှိုင်းမှုများ စတင်နိုင်တော့မည်ဖြစ် သည်။

ပြုပြင်ပြောင်းလဲရေးလုငန်းများထဲတွင် ဂရိဘဏ်စနစ်ကို ပြောင်းလဲရန်နှင့် တရားရေးစနစ်ကို ဘက်စုံပြုပြင်ပြောင်းလဲခြင်းများ ပါဝင်နေသည်။

ဥပဒေကြမ်းနှင့် ပတ်သက်၍ အခြေအတင် အပြင်းအထန် ဆွေးနွေးနေစဉ် လွှတ်တော်၏ အပြင်ဘက်တွင်မူ လူထောင်ပေါင်း များစွာက ဆန့်ကျင်ဆန္ဒပြနေကြရာမှ မကြာမီတွင် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းသွားကာ ရဲများကို ဓာတ်ဆီဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

လွှတ်တော်အမတ်များက ဆန့်ကျင်ပုန်ကန်ကြလိမ့်မည်ဟူသော စိုးရိမ်သောကများ ထွက်ပေါ်လာခဲ့သော်လည်း ဂရိဝန်ကြီးချုပ် အလက်ဇစ် ဇီပရပ်စ်မှာ လိုအပ်သောထောက်ခံမှုကို အလွယ်တကူပင် ရယူနိုင်ခဲ့သည်။ ထောက်ခံမဲ ၂၃၀၊ ကန့်ကွက်မဲ ၆၃မဲ၊ ပျက်ကွက်မဲ ၅မဲဖြင့် ပြုပြင်ပြောင်းလဲရေးဘက်မှ အနိုင်ရရှိသွားခဲ့သည်။

မဲမပေးမီတွင် မစ္စတာဇီပရပ်စ်က သူကိုယ်တိုင်လည်း ကြွေးရှင်နိုင်ငံများက ပြဌာန်းသည့် ပြုပြင်ပြောင်းလဲရေးများနှင့်ပတ်သက်၍ စိတ်မချမ်းမြေ့ရကြောင်း အလေးအနက် ပြောကြားခဲ့သည်။ ‘ဥရောပက အစွန်းအရောက်ဆုံး အသိုင်းအဝိုင်းတွေရဲ့ အစွန်း အရောက်ဆုံး အစီအစဉ်တွေကို တားဆီးနိုင်ဖို့ ခက်ခဲတဲ့ အပေးအယူကို ရွေးချယ်ခဲ့ရတာပါ’’ဟု ဇီပရပ်စ်က လွှတ်တော်အမတ်များ ကိုပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်ကလည်း ကြွေးရှင်နိုင်ငံများက ပြဌာန်းပေးသည့် ကနဦးခြိုးခြံခြွေတာရေးအစီအစဉ်များကို ဂရိလွှတ်တော် ကအတည်ပြုခဲ့သည်။

ထုတ်ဆယ်ကယ်တင်ရေးချေးငွေ ဆွေးနွေးပွဲများ ပြန်လည်မစတင်နိုင်မီတွင် လိုအပ်သည့် တင်ကူးအခြေအနေများ အနေဖြင့် ယူရိုဇုန်နိုင်ငံများနှင့် အဖွဲ့အစည်းများက စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်နှင့် အသုံးစရိတ်ဖြတ်တောက် ရန်တောင်းဆို ထားသည်။

ယခု ဒုတိယပြုပြင်ပြောင်းလဲရေးအစီအစဉ်များတွင်မူ ရုံးတော်အမှုများကို မြန်ဆန်စေရန်ရည်ရွယ်သည့် အရပ်သား ကာကွယ်မှုကို ဒဥပဒေ၊ ယူရို ၁၀၀၀၀၀အောက်လျော့နည်းသည့် ဘဏ်အပ်ငွေများကို ကာကွယ်ရန် အီးယူညွှန်ကြားချက်ကို ခံယူခြင်း၊ အခွန် ထမ်းပြည်သူများမဟုတ်ဘဲ ရှယ်ယာရှင်နှင့် ကြွေးရှင်များက အရှုံးပေါ်နေသည့် ဘဏ်၏ ကုန်ကျစရိတ်များကို ပေးချေနိုင်စေရန် စည်းမျဉ်းအသစ်များကို ကျင့်သုံးစေခြင်းများ ပါဝင်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly