ဂျနီဖာလောရင့်စ်၏ အွန်လိုင်းအကောင့်အား ဖောက်ထွင်းခိုးယူသူ အမျိုးသားကို ထောင်ဒဏ်ချမှတ်

ဂျနီဖာလောရင့်စ်၏ အွန်လိုင်းအကောင့်အား ဖောက်ထွင်းခိုးယူသူ အမျိုးသားကို ထောင်ဒဏ်ချမှတ်

အမျိုးသားတစ်ဦးသည် မင်းသမီးဂျနီဖာလောရင့်စ်အပါအဝင်နာမည်ကျော်ပုဂ္ဂိုလ်များ၏အွန်လိုင်းအကောင့်များ ကိုဖောက်ခွင်းခိုးယူခဲ့သောကြောင့် သူ့အားထောင်ဒဏ်ကိုးလအထိ ချမှတ်လိုက်ကြောင်း သိရပါသည်။

အသက် ၂၉နှစ်အရွယ်ရှိ အက်ဒ်ဝါ့မာဂျာချစ်ဂ်သည် နာမည်ကျော်ပုဂ္ဂိုလ်များ၏အဖော်အချွတ်ဓာတ်ပုံများနှင့် ဗွီဒီ ယိုများအပါအဝင် ကိုယ်ရေးကိုယ်တာအချက်အလက်များစွာကို ခိုးယူခဲ့သည်။

သူဟာအင်တာနက်ပေါ်၌ လိမ်လည်လှည့်ဖြားကာ သုံးစွဲသူများ၏ အမည်နှင့်စကားဝှက်များကို လှည့်စားရယူရန် ကြံစည်ခဲ့သည်ဟု စွပ်စွဲခံထားရပါသည်။

ချီကာဂို၌နေထိုင်သူ မာဂျာချစ်ဂ်သည် အမည်မဖော်ပြထားသော နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦး၏ ဓာတ်ပုံများကို အွန်လိုင်းပေါ်၌ မျှဝေခဲ့ပြီးနောက် ပေါင်၄၉၀၀ပေးရန် အမှာစာပို့ခဲ့သည်။

တရားရုံးသို့တင်ပြသောအချက်အလက်များတွင် လှည့်စားခံခဲ့ရသူများ၏အမည်ကိုဖော်ပြခဲ့ခြင်းမရှိကြောင်းသိရ သည်။ လွန်ခဲ့သော ၂၀၁၄ခုနှစ်က ဂျနီဖာလောရင့်စ်၊ခရစ္စတန်ဒန့်စ်နှင့်မော်ဒယ် ကိတ်အပ်တွန် စသောနာမည် ကျော်များ၏ အတွင်းရေးဓာတ်ပုံများသည် အွန်လိုင်းပေါ်သို့ ပေါက်ကြားခဲ့ပြီး ဝက်ဘ်ဆိုက် အများအပြားမှ မျှဝေခဲ့သည်။

အမိန့်ချမှတ်စဉ်၌ မာဂျာချစ်ဂ်၏ရှေ့နေက သူ၏အမှုသည်သည်စိတ်ကျဝေဒနာခံစားခဲ့ရသည်ဟု ခုခံချေပခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly