မားစ်နှင့် မိုးခေါင်မှုကြောင့် တောင်ကိုရီးယား၏ ဒုတိယသုံးလပတ်ဂျီဒီပီဖွံ့ဖြိုးမှု ၆နှစ်တာအတွင်း အဆိုးရွားဆုံး ကျဆင်း

မားစ်နှင့် မိုးခေါင်မှုကြောင့် တောင်ကိုရီးယား၏ ဒုတိယသုံးလပတ်ဂျီဒီပီဖွံ့ဖြိုးမှု ၆နှစ်တာအတွင်း အဆိုးရွားဆုံး ကျဆင်း

ဆိုးလ်၊ ဇူလိုင်-၂၃ ။      ။ သေစေနိုင်သည့် မားစ်ဗိုင်းရပ်ပိုး ကူးစက်ပျံ့ပွားမှု၊ မိုးခေါင်မှုနှင့် ပို့ကုန်ပါးရှားမှုများက ထိုးနှက် သဖြင့်တောင်ကိုရီးယား၏ စီးပွားရေးမှာ ၆နှစ်တာကာလအတွင်း စံချိန်တင် ဖွံ့ဖြိုးမှုအားအနည်းဆုံး  ဖြစ်သွားခဲ့သောကြောင့် ဆိုင်းငံ့ထားသည့် အားဖြည့်ဘတ်ဂျက်ကို အမြန်ဆုံးအတည်ပြုရန် လွှတ်တော်အမတ်များအပေါ် ဖိအားသက်ရောက်သွားစေခဲ့သည်။

အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ မားစ်ကြောင့် စားသုံးမှုကျဆင်းသွားခဲ့သည့်အတွက် ကိုရီးယားဘဏ်၏ ခန့်မှန်းချက်အရဧပြီမှ ဇွန်လအထိ သုံးလပတ်ကာလ တွင်တောင်ကိုရီးယား၏ စီးပွားရေးမှာယမန်နှစ် အလားတူ ကာလနှင့် နှိုင်း ယှဉ်ပါက ဝဒသမ၃ရာခိုင်နှုန်းသာ ကြီးထွားလာခဲ့ပြီး ၂၀၀၉ခုနှစ် ပထမသုံးလပတ်နောက်ပိုင်းတွင် အနှေးကွေးဆုံးဖြစ်ခဲ့သည်ဟု ဆိုသည်။   

‘ပြည်တွင်းစားသုံးမှု ပုံမှန်ပြန်ဖြစ်လာတာကို တွေ့နေရပေမယ့်လည်း ခရီးသွားလုပ်ငန်းက အတိတ်ကအဆင့်နေရာ ကိုပြန်လည် နာလံထူလာဖို့တော့ အချိန်ယူရပါလိမ့်မယ်’’ဟု  ဗဟိုဘဏ် စီးပွားရေးစာရင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဂျွန်ဆောင်ချယ် ကပြော ကြားခဲ့သည်။

‘မိုးခေါင်ရေရှားမှုနဲ့ ပတ်သက်လို့ကတော့၊ မိုးရွာသွန်းမှု တိုးလာတာက အပြောင်းအလဲကို ဖြစ်ပေါ်စေပေမယ့်လည်း တချို့စိုက် ပျိုးရေးထုတ်ကုန်ဈေးနှုန်းတွေဟာ ယမန်နှစ်ကထက် ကြီးမားနေသေးလို့ မိုးခေါင်တဲ့ဒဏ်ကို အခုထိ ခံစားနေကြရတုန်းပါပဲ’’ ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Daewoo Securities မှ စီးပွားရေးပညာရှင် ဟွာ ဂျေးဟွန်၏ ပြောကြားချက်အရ စီးပွားရေးမှာ လာမည့်သုံးလပတ်တွင်လည်း အစိုးရ၏ လက်ရှိခန့်မှန်းချက် ၁ရာခိုင်နှုန်းကျော် ဖွံ့ဖြိုးရန်မှာ ခက်ခဲလိမ့်မည်ဟု ဆိုသည်။

မားစ်က လူပေါင်း ၁၈၆ယောက်ကို ကူးစက်ခဲ့ပြီး ၎င်းတို့အနက် ၃၆ယောက်ကို သေဆုံးစေခဲ့သောကြောင့် ပုဂ္ဂလိကစားသုံးမှုမှာ လည်း သုံးလပတ်စဉ်အတိုင်းအတာအရ ဝဒသမ၃ရာခိုင်နှုန်း ကျဆင်းသွားခဲ့သောကြောင့် ၂၀၁၄ခုနှစ် ဒုတိယသုံး လပတ်နောက် ပိုင်းတွင် အဆိုးရွားဆုံးကျဆင်းမှု ဖြစ်ခဲ့သည်။ ကိုရီးယားဘဏ်၏ အုပ်ချုပ်ရေးမှူး လီဂျူယဲ၏ ပြောကြားချက်အရ မားစ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းကျဆင်းမှုက ၂၀၁၅ခုနှစ် ဂျီဒီပီဖွံ့ဖြိုးမှုကို ဝဒသမ၁ရာခိုင်နှုန်း ကျဆင်းသွားစေခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly