အစိုးရကို သယ်ယူပို့ဆောင်ရေးကောင်းဖို့ ဘာတွေတောင်းဆိုမလဲ

အစိုးရကို သယ်ယူပို့ဆောင်ရေးကောင်းဖို့ ဘာတွေတောင်းဆိုမလဲ

ရန်ကုန်မြို့ဟာ လိုင်းကားတွေကို အဓိက အားပြု သွားလာလှုပ်ရှားနေရတဲ့ မြို့ပါ။ ဒါပေမယ့် ကားတွေသာမက ရထား၊ စက်လှေတို့ကိုပါ အသုံးပြုသွားလာနေကြသူတွေလည်း ရှိပါတယ်။  ဒါဆို ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်က နေ့စဉ်ခရီးသွားတွေအတွက် ပိုမိုကောင်းမွန် အဆင်ပြေလာစေဖို့ အစိုးရအနေနဲ့ ဘာတွေလုပ်ပေးသင့်လဲဆိုတာ ကျွန်မသူငယ်ချင်းတွေကို အခုပဲ လိုက်မေးကြည့်ပါ့မယ်။

 

 

 

ကျွန်တော့အနေနဲ့ကတော့ ဒီဘတ်စ်ကားတင် မကဘူး။ ဒီရထားလိုင်း မြို့ပတ်ရထားပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့။ ရထားကို ကျည်ဆံရထားလိုမျိုး။  အဲဒါလိုမျိုးအဆင်ပြေစေချင်တာဗျ။

 

 

 

ဟုတ် ။ လိုင်းကားအသစ်တွေ အများကြီး တိုးပေးစေချင်ပါတယ်။ ညီမတို့က သန်လျင်ကဆိုတော့ သန်လျင်မှာ အဲဒီ ၃၁ကားတွေဆို မထွက်တာတွေရှိတယ်ပေါ့နော်။ အဲဒီတော့ အဲဒီရှိတဲ့ကားလိုင်းတွေကို တိုးပြီးတော့ သွားစေချင်ပါတယ်။

 

 

 

ညီမလည်း သန်လျင်ကပဲပေါ့နော် ။ အခု ဒီကို ပထမဆုံးပြောင်းသွားတဲ့အခါ ပထမဆုံး စီးရတာ  အဲဒီအတွက် အခု ၃၁ ကားကို စီးရတာ ။ အရမ်းကိုပေါ့။ ကြည့်လိုက်တဲ့ ကားတိုင်း ကြပ်ပိတ်သိပ်နေတယ်။ အဲဒီတော့လေ ကားကိုပိုပြီးတိုးစေချင်တယ်။ သန်လျင်က သွားလာတဲ့သူတွေ အဆင်ပြေပြေဖြစ်အောင် ၃၁ ကားလိုင်းတွေ အများကြီးတိုးစေချင်ပါတယ်ရှင် ။ အဲဒါမှလည်း ညီမတို့ သွားလာရတာ အဆင်ပြေမှာမို့လို့ပေါ့နော်။

 

 

 

ကျွန်တော်  အခု ဘယ်ကနေလဲဆိုတော့ မော်တင်ကနေ ဆူးလေကိုလာတာပေါ့နော်။ မော်တင်ကနေ ဆူးလေကိုလာတာ ဘာဖြစ်လဲဆိုတော့ ကားက နည်းနည်းသေးတယ်သေးတဲ့အခါကြတော့ ခရီးသည်တွေက  မဆန့်ဘူးပေါ့နော်။

 

 

 

ကျန်ခဲ့သူတွေကလည်း ကျန်ခဲ့တယ် ။ ဥပမာအားဖြင့်ဆိုရင် ဟိုနားဒီနားပြေးဆွဲတယ်ဆိုရင်တောင် ကားနည်းနည်းကြီးရင် အဆင်ပြေတယ်ပေါ့။ ညီမက သင်တန်းလာတက်တယ် ။ ရန်ကုန်ကို ရွာသာကြီးကနေ ရန်ကုန်ကိုဆိုရင် တစ်ခါတုန်းကဆိုရင် ညီမတို့ ရွာသာကြီးကနေ ရန်ကုန်ကိုလာတဲ့ လမ်းမှာ ရထားက ပျက်နေတာ။ ရထားက ပျက်နေတာ ။ ပျက်နေတဲ့အခါကြတော့ ညီမတို့ သွားရတာ အဆင်မပြေတော့ဘူး။ သင်တန်းတွေလည်း နောက်ကျသွားတယ် ။ အဲဒီအတွက် ရထားနောက်တစ်စီးပေါ့နော်။ အစားထိုးပေးတာပဲ ဖြစ်ဖြစ်၊ ပြင်ပေးတာပဲဖြစ်ဖြစ် ၊အချိန်မီတော့ လုပ်ပေးစေချင်တယ်။

 

 

YBS ပြောင်းသွားတာတော့ ကောင်းပါတယ်။ တစ်ချို့နေရာတွေမှာဆိုရင် ကားတွေက နှစ်ဆင့်၊သုံးဆင့် စီးရတာဆိုတော့ အဆင်မပြေဘူး ။ ဒါပေမယ့် ကျွန်တော်တစ်ခုတောင်းဆိုချင်တာက အစိုးရကိုပေါ့။ ကားဟောင်းတွေကို အမြန်ဆုံးပြောင်းလဲပေးဖို့ တောင်းဆိုချင်ပါတယ်။

 

 

 

ကျွန်တော်တို့ လိုင်းကားစီးရင်ပေါ့ စပယ်ယာတွေအနေနဲ့ပေါ့ ။ ဘယ်လိုပြောရမလဲ ။ တချို့စပယ်ယာတွေဆိုရင် စကားပြောတဲ့အခါ ခရီးသည်တွေကို ကောင်းကောင်း မပြောတာပေါ့။ အဲလိုပေါ့ ခရီးသည်ကို အဲဒီလိုပေါ့ ။ အနောက်တိုးဆိုရင်လည်း အနောက်တိုး၊ အဲဒီလိုမျိုး ။ ကောင်းကောင်းမွန်မွန်မပြောဘဲ နိုင်ထက်စီးနင်းပြောတွေပေါ့။

 

 

 

ဒါကတော့ ရန်ကုန် သယ်ယူပို့ဆောင်ရေးစနစ်နဲ့ ပတ်သက်ပြီး နေ့စဉ်သွားလာလှုပ်ရှားနေရ သူတွေရဲ့ အသံပါ။ ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးက နေ့စဉ်ခရီးသွားပြည်သူတွေအတွက်  ပိုမိုလွယ်ကူ အဆင်ပြေလာအောင် အစိုးရအနေနဲ့ ဘာတွေလုပ်ပေးသင့်လဲဆိုတာ ကျွန်မသူငယ်ချင်းတွေက အခုလိုပဲ ပြောပြခဲ့ကြတာပါ။

သူငယ်ချင်းတို့မှာ အဲဒါနဲ့ ပတ်သက်ပြီး ပြောချင်တာတွေ ရှိမယ်ဆို ကျွန်မတို့ရဲ့ Yope Facebook နဲ့ Yope Website တွေမှာ ဝင်ရောက် ကွန်းမန့်လေးတွေ ပေးခဲ့ကြပါဦး။

 

ဗွီဒီယိုကြည့်ရန်-https://www.facebook.com/yopemyanmar/videos/1830261123900912/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly