ဘာစီလိုနာမှ စိတ်ဝင်စားနေသော်လည်း လီဗာပူးလ်နှင့်သာနှစ်ရှည်စာချုပ်ရန် ကော်တင်ဟိုနီးစပ်

ဘာစီလိုနာမှ စိတ်ဝင်စားနေသော်လည်း လီဗာပူးလ်နှင့်သာနှစ်ရှည်စာချုပ်ရန် ကော်တင်ဟိုနီးစပ်

ဇန်နဝါရီ ၂၅၊ လီဗာပူးလ်။           ။ ဖိလစ်ပီ ကော်တင်ဟိုသည် စာချုပ်သစ်ကိုလက်မှတ်ထိုးခြင်းအားဖြင့် လီဗာပူးလ်အသင်းတွင် နှစ်ရှည်ဆက်ရှိနေရန် နီးစပ်နေပြီဖြစ်သည်။

ကော်တင်ဟိုသည် ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသူဖြစ်သော်လည်း လီဗာပူးလ်နှင့် စာချုပ်သစ်ချုပ်ရန် သဘောတူခဲ့သည်။

ဂျာဂင်ကလော့ပ်၏အသင်းတွင် အဓိကကစားသမားတစ်ဦးဖြစ်နေသည့် ဘရာဇီးလက်ရွေးစင်သည် ၂၀၂၂ ထိသက်တမ်းရှိမည့် စာချုပ်သစ်ကို လက်မှတ်ထိုးရန်အဆင်သင့်ဖြစ်နေခြင်း ဖြစ်သည်။

ကော်တင်ဟိုသည် လွန်ခဲ့သည့်လေးနှစ်က အင်တာမီလန်မှပြောင်းရွှေ့လာခဲ့ပြီး ခြေစွမ်းကြောင့် ဥရောပကလပ်များ၏ စိတ်ဝင်စားခြင်းကိုခံရသော်လည်း နုပျိုသောမိသားစုနှင့်အတူ မာဆေးဆိုဒ်တွင်သာအခြေကျနေကာ ကလော့ပ်နှင့်လည်း ခိုင်မာသည့်ဆက်ဆံရေးရှိနေသည်။

လီဗာပူးလ်အသင်းအနေဖြင့် ဆောင်းရာသီဈေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူဖွယ်မရှိသော်လည်း ကော်တင်ဟိုနှင့် စာချုပ်သစ်ကိစ္စသဘောတူညီမှုရခြင်းက လွန်စွာအရေးပါသည့် ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly