ချီလီတွင် ၁၉၈၆ က ကျောင်းသားနှစ်ဦးမီးတင်ရှို့ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်တပ်တာဝန်ရှိသူများကို တရားရုံး တွင်ပြန်လည်ကြားနာ စစ်ဆေး

ချီလီတွင် ၁၉၈၆ က ကျောင်းသားနှစ်ဦးမီးတင်ရှို့ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်တပ်တာဝန်ရှိသူများကို တရားရုံး တွင်ပြန်လည်ကြားနာ စစ်ဆေး

ချီလီနိုင်ငံတွင် ဗိုလ်ချုပ်ပီနိုချက် အစိုးရလက်ထက်ကာလ ၁၉၈၆ ခုနှစ် ကဖြစ်ပွား ခဲ့သည့်ကျောင်းသားနှစ်ဦးကို တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်ပြီး စစ်တပ်အရာရှိဟောင်း ခုနစ်ဦးကို ယနေ့တွင် တရာရုံးတစ်ရုံးက အမှုပြန်လည်စစ်ဆေးကြားနာသည်။

ဆန္ဒပြမှုတစ်ရပ်အတွင်း အသက် ၁၉ နှစ်အရွယ် ရိုဒရီဂိုရိုဂျာနှင့် အသက် ၁၈ ရွယ် ကားမန်းကင်တာနာတို့နှစ်ဦးကို မီးတင်ရှို့ခဲ့ သည်ဟု စွပ်စွဲချက်ဖြင့် ၎င်းတို့အား စစ်ဆေးနေခြင်းဖြစ်သည်။

ရိုဒရီဂိုက ထိုသို့တိုက်ခိုက်ခံရပြီး လေးရက်အကြာတွင် သေဆုံးပြီး ကားမန်းမှာ အသက်ရှင်သော်လည်း ဒုက္ခိတတစ်ပိုင်းဖြစ်ခဲ့ သည်။

တပ်တွင်းစစ်မှုထမ်းတစ်ဦးက ၎င်း၏ သက်သေထွက်ချက် ပြောင်းလဲထွက်ဆိုလာရာနောက်ပိုင်း အမှုကို တစ်ဖန်ပြန် စစ်ဆေး လာခြင်းဖြစ်သည်။

၎င်း၏ သက်သေထွက်ဆိုချက်သည် ချီလီနိုင်ငံတွင် ၁၇ နှစ်ကြာစစ်တပ်အုပ်ချုပ်မှုအောက်  လူ့အခွင့်အရေးချိုးဖောက်မှုများ ဆယ်စုနှစ်သုံးစုနီးပါး အသံမထွက်ပေါ်ပဲရှိနေခြင်းကို ချိုးဖျက်လိုက်ခြင်းတစ်ရပ်လည်းဖြစ်သည်။

ပီနိုချက်အစိုးရကို ဆန့်ကျင်သည့် ၁၉၈၆ ဇူလိုင် ၂ ရက်က ဆန္ဒပြမှုတွင် စစ်တပ်လှည့်ကင်းက စိတ်ပညာကျောင်းသား ကားမန်း ကင်တာနာနှင့် ချီလီနိုင်ငံဖွား အမေရိကန်ဓာတ်ပုံသမားတစ်ဦးဖြစ်သည့် ရိုဒရီဂိုရိုဂျာတို့အား ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly