ပြည်သူတွေ ထမ်းဆောင်နေရတဲ့ အခွန်တွေ ဘယ်နေရာတွေမှာ အကျိုးရှိရှိ အသုံးချနေသလဲ ( နိဂုံးပိုင်း)

24 January 2017
ပြည်သူတွေ ထမ်းဆောင်နေရတဲ့ အခွန်တွေ ဘယ်နေရာတွေမှာ အကျိုးရှိရှိ အသုံးချနေသလဲ ( နိဂုံးပိုင်း)
 

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

ဆရာ့အနေနဲ့ကရော ပြည်သူတွေကို အခွန်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို ပညာပေးသင့်တယ်လို့ ထင်သလဲ။

ဦးကျော်ဇေယျ (ဦးစီးမှူး)

ပြည်တွင်း အခွန်ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး။

ကျွန်တော်တို့ဌာနအနေနဲ့ကတော့ ရငွေရှာတဲ့အပိုင်း ဖြစ်တဲ့အတွက်ကြောင့် သတ်မှတ်ထားတဲ့ လျာထားချက်ကို ပြည့်ဖို့အတွက် ဘယ်လိုစည်းရုံးပြီးတော့ ကောက်ရမလဲ ဘယ်လို များများရအောင်ကောက်ရမလဲပေါ့ ကျွန်တော်တို့ကတော့ များများပဲရအောင် ရှာရတဲ့အတွက်ကြောင့် ထုံးစံအတိုင်း လူတွေဖြစ်တဲ့အတွက်ကြောင့် သူက သူ့အိတ်ထဲက ထုတ်ပြီးတော့ ပေးလိုက်ရတဲ့အတွက်ကြောင့် အခွန်လို့ပဲ ထင်နေကြတော့ များသောအားဖြင့် အဓိကကတော့ ပြည်သူတွေ အကုန်လုံးပါလာအောင် ထမ်းဆောင်ချင်စိတ် များလာအောင် ကျွန်တော်တို့ လုပ်ဖို့အတွက် စဉ်ဆက်မပြတ် လုပ်နေပါတယ်။ တာဝန်လည်းရှိပါတယ်။ လုပ်လည်းလုပ်နေပါတယ်။

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

ကိုဝဏ္ဏကရော၊ ဟုတ်ပြီ အဲသလိုမျိုး ပြည်သူတွေက ဒါကို မြင်လာအောင် ဘယ်လိုသုံးပါတယ်ဆိုတာကို မြင်လာအောင် ပိုပြီးတော့ နားလည်လာအောင် ဘယ်လို ပညာပေးမလဲ။ နောက်ပြီးတော့ သူတို့ရဲ့ မေးခွန်းလည်းရှိတယ်။ နောက်ပြီးတော့ အခွန်ရှောင်နေတာတွေလည်း အများကြီးရှိတယ်ဆိုတော့ TV မှာတော့ တွေ့တော့တွေ့တယ် အယောက် ၁၀၀ မှာ အခွန်အများဆုံး ပေးဆောင်တဲ့ ဒီနှစ်အတွက် အယောက် ၁၀၀ ရဲ့စာရင်းပေါ့ ဒါမျိုးတွေတော့ထွက်တယ် ဒါပေမယ့် ဒီအခွန်တွေက ဘယ်လိုမျိုး ဘယ်လောက်အထိကို ရလို့လဲ။ တကယ်ကောက်သင့်တာက ၃၀ ရာခိုင်နှုန်း ဒါပေမယ့် တကယ်ရတဲ့ဟာက အဲလောက်ထိရော ရရဲ့လားပေါ့။ အဲဒါလေးကို ဘယ်လိုမျိုး ညှိမလဲ။

ဦးဝဏ္ဏထွန်း (Bank Information Center )

ကျွန်တော် အစောပိုင်းမှာ ပြောခဲ့သလိုပဲ အဓိကတော့ ယုံကြည့်မှု တည်ဆောက်ရမယ်ပေါ့။ ယုံကြည်မှုက ပျက်သွားခဲ့တာက ကြာပြီခင်ဗျ။ ဒီယုံကြည်မှုက အစိုးရနဲ့ ပြည်သူကြားထဲက ယုံကြည်မှုဆိုတာက အဖျက်ဆီးခံရတာ ကြာပြီ ၊ အခုမှ ပြန်ပြီးတော့ တည်ဆောက်ဖို့အတွက် ကြိုးစားနေကြတာ။ အဲဒီအတွက် သူနဲ့ကိုယ်နဲ့က စောင်နေမှာပဲလေ။  သူဘာလုပ်မှာလဲ ကိုယ်ဘာလုပ်မှာလဲ။ အဲဒီမှာ ခုနက ဆရာမပြောခဲ့သလိုပဲ အခွန်လို့ပြောတဲ့နေရာမှာ ပေးဖို့ကိုပဲပြောတာ ဘာပြန်လုပ်ပေးမလဲဆိုတာကို မပြောဘူး။

ဥပမာ ကျွန်တော် ဆိုင်းဘုတ်တွေထောင်ထားတာ ရှိတယ်။ TV မှာ တစ်ခါတစ်လေလာတယ်။ အခွန်ထမ်းတယ်ဆိုတာ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်၊ တာဝန်တွေမပြောနဲ့လေ တစ်သတ်လုံးက တာဝန်တွေကျေလာကြတာ လယ်သမားတွေကလည်း တာဝန်ကျေ စပါးတွေနဲ့ အဆက်ဆက် ညားခဲ့ကြတာ။ အခုက ကျွန်တော်တို့ ပြောရမယ့်ပုံစံက အခွန်ပေးခြင်းအားဖြင့် နိုင်ငံသားတစ်ယောက် ရသင့်ရထိုက်တဲ့ ဝန်ဆောင်မှုတွေ ဘယ်လို ရပါ့မလဲဆိုတဲ့ အပိုင်းကို ပြောမယ်ဗျာ။ ပြောချင်တာက တချို့ဆိုရင် အခွန်ဆောင်ရင် တချို့ဟာတွေဆိုရင် နဲနဲကြမ်းတာပေါ့နော်။ ဥပမာ ထောင်တန်းကျနိုင်တယ်တို့အထိ ပြောတယ်။ ပြောချင်တာကတော့ အခွန်မပေးရင် ထောင်ကျနိုင်တယ်တို့ ဘာတို့ ပြောကြတာပေါ့နော်။ အဲလိုပြောရင် လူတွေက တော်ရုံတန်ရုံ နားမဝင်ဘူး။ အဲလိုပြောမယ့်အစား အခွန်ပေးလို့ရှိရင် မင်းအိမ်ဝယ်တဲ့အခါမှာ ကျွန်တော်တို့က ဘယ်လောက်ကို လျော့ပေးမယ် အခွန်ပေးစရာမလိုတော့ဘူး။ မင်းအခွန်ဆောင်ထားတဲ့စာအုပ် ပြနိုင်ရင် မင်းဆေးရုံလာပြတဲ့အခါမှာ ပိုက်ဆံပေးစရာမလိုဘူး အဲဒီ အခွန်စာအုပ် ပြနိုင်တဲ့အချိန်မှာ တခြားတခြားသော စာရိတ်တွေကို လျော့နိုင်တယ် လောလောဆယ် ဝန်ဆောင်မှု တိုးတယ်မတိုးဘူးဆိုတာထက် လောလောဆယ် နေ့တဒူမှာ ဒါတွေရနိုင်တယ်ဆိုတဲ့ မတ်လုံးလေး ပြောနိုင်တယ်ဆိုရင် ရနိုင်တယ်။

နောက်တစ်ခုက ရိုးရိုးဝန်ကြီးဌာနတစ်ခုကနေပြီးတော့ လုပ်ရတာ အဆင်ပြေမှာမဟုတ်ဘူး။ နောက်ထပ် ကျွန်တော် ပြောချင်တာက နှစ်ခုကျန်တယ်ခင်ဗျ။ တစ်ခုကဘာလဲဆိုတော့ လောလောဆယ် ဒီပုံစံဆက်သွားလို့ရှိရင် အခွန်သည် တိုးရဖို့က ခက်တယ်ပေါ့နော်။ ဒါပေမယ့် တကယ့်ဘတ်ဂျက်ကို ကြည့်တဲ့အခါမှာ နှစ်အစမှာ အခွန်ဘယ်လောက်သတ်မှတ်ထားသော်လည်း နှစ်အဆုံးကျရင် နှစ်ဆ တိုးလာတာမျိုးရှိတယ်။ များသောအားဖြင့် အခွန်က ပိုရလေ့ရှိတယ်။

ဆိုတော့ အဲလိုမျိုးဖြစ်တဲ့အခါကျတော့ ပထမတစ်အချက်က ဘာလဲဆိုရင် လူတိုင်း အခွန်ပေးနိုင်တယ် အခွန်ဆောင်ချင်ရင် အလွယ်တကူဆောင်နိုင်တဲ့ဟာမျိုးကို တည်ဆောက်ပေးရမယ်။ အခုဆိုရင်လည်း လုပ်ငန်းရှင်ကြီးတွေ ဆောင်ဖို့ရှိတယ်၊ ်လုပ်ငန်းလတ်တွေ ဆောင်ဖို့ရှိမယ်၊ ဒါပေမယ့် ကျွန်တော် အခု အခွန်ဆောင်ချင်တယ်။ သွားဆောင်လို့ရှိရင် ထင်သလောက်မလွယ်ဘူး တကယ်က အခွန်ဆောင်မယ်ဆိုရင် သွားကြည့်ပါ ထင်သလောက် မလွယ်ပါဘူး။ ဖြစ်စဉ်တွေ အများကြီးရှိတယ်၊ စကားတွေ အများကြီးပြောရတယ်။ ဆိုတော့ အရမ်းခက်တာပေါ့၊ အရမ်းခက်တယ်ဆိုတာက ခက်ခဲတယ်၊ လူတွေက အချိန်မပေးချင်ဘူး၊ အဲဒီအတွက် တော်ရုံတန်ရုံ သွားမဆောင်ကြတော့ဘူး။

 နောက်တစ်ခုက ကျွန်တော်ထင်တယ် အရေးကြီးလုပ်စရာက ဘာလဲဆိုတော့ အကုန်လုံးက ငွေနဲ့ပဲလုပ်တာ။ ဥပမာအားဖြင့် ကျွန်တော်တို့ ဒီတစ်ယောက်ကို အလုပ်တစ်ခုငှားလိုက်တယ်၊ ဝင်ငွေပဲလေ ဒါကလည်း သူ့ကို ကျွန်တော်က ပိုက်ဆံအိတ်ထဲထည့်ပြီးတော့ ရော့ သုံးသိန်းဖြစ်မယ် လေးသိန်းဖြစ်ရင်ဖြစ်မယ်၊ အဲဒါကို ကျွန်တော် ဘယ်လို Record ယူမှာလဲ။ ဒါကလည်း သူ့ဝင်ငွေပဲလေ။ အခုဆိုရင် ကျွန်တော်တို့က အဲဒီ အခွန်ကောက်ခံတဲ့စနစ်တွေကို မပြောင်းနိုင်သရွေ့တော့ လုပ်နိုင်မှာ မဟုတ်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

ဟုတ်ကဲ့ပါ။ ကောင်းပါတယ်။ ဆရာမအနေနဲ့ရော ဖြည့်ပြောစရာ ရှိသေးလားမသိဘူး။

ဒေါ်စုမြတ်ထက် (စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်)

ဖြည့်ပြောစရာ တစ်ခုက ကျွန်မတို့ နဲနဲပြဿနာတက်နေတာက စားသောက်ဆိုင်တွေမှာ ကောက်တဲ့ အခွန် ၅ ရာခိုင်နှုန်း အဲဒါက ကျွန်မတို့မြို့နယ်တွေမှာဆိုရင် တော်တော်လေးကို ပြဿနာ တချို့ဆိုင်တွေဆိုရင် အဲဒီ ၅ ရာခိုင်နှုန်း ကောက်တဲ့ဆိုင်ကို လူက မဝင်တော့ဘူး။ မကောက်တဲ့ဆိုင်ကို သွားစားတယ်။ အဲတော့ တစ်ခါတစ်လေဆိုရင် မနေ့ကပဲ မြို့နယ်အခွန်ဦးစီးမှူးနဲ့ ပြောဖြစ်တယ်။ ညတွေမှာ သွားရှင်းပြရတာတွေရှိတယ်။ စားသောက်ဆိုင်တွေမှာ ညဘက်ဆို နဲနဲမူးတဲ့သူတွေရှိတယ် အဲလိုလူတွေဆီက ၅ ရာခိုင်နှုန်း ကောက်တဲ့အခါမှာ ပြဿနာရှာကြတော့ အဲဒီဆိုင်တွေက အခွန်ဦးစီးကို ဖုန်းဆက်ခေါ်ကြတယ်။ အဲတော့ အခွန်ဦးစီးမှူးက ချက်ခြင်းသွားပြီးတော့ ရှင်းပြရတယ်။ အဲဒီပြဿနာက တော်တော်တက်တယ်။

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

ခုနက ပညာပေးတွေ အများကြီး လုပ်ရဦးမယ်ဆိုတဲ့သဘောပေါ့ နှစ်ဖက်လုံးပေါ့ ပြည်သူတွေက ပေးဖို့လိုတယ်ဆိုတာ သိဖို့လိုအပ်သလို ပြည်သူတွေက အဲဒီအခွန်တွေကို ဘယ်လိုမျိုး ထိထိရောက်ရောက် ဝန်ဆောင်မှု လုပ်ပေးနေတယ်ဆိုတာလည်း အများကြီးသိဖို့လိုတယ်။ ခုနက ကိုဝဏ္ဏ ကြံပေးသွားတာလည်းရှိတယ်။ တကယ့်ကို အခွန်ဆောင်ချင်အောင်ဆိုတဲ့ သုံးတဲ့နည်းလမ်းတွေပေါ့နော် အဲဒါလေးတွေ အကြံပေးသွားတာလည်း ကောင်းပါတယ်။ ငွေပေးတာတွေက Record မဝင်တဲ့ဟာ အဲဒါတွေ သေသေချာချာ မလုပ်နိုင်တဲ့ဟာတွေ အများကြီးဖြစ်နေတယ်။ ဟုတ်တယ်။ ဆိုတော့ ဒါတွေကို ဘယ်လိုမျိုးသုံးမလဲ တခြား ကဒ်နဲ့ပဲ ပေးမှာလား၊ ဘဏ်ကနေပြီးတော့ စာအုပ်နဲ့ပဲ Transfer လုပ်ပေးမလား ဒါမျိုးတွေက အမြဲတမ်း ငွေပေးငွေယူအားလုံး မှတ်တမ်းမှတ်ရာနဲပ Record ဝင်အောင် ဘယ်လိုလုပ်မလဲဆိုတာ အဲဒါတစ်ခုဝင်အောင် ဘယ်လိုလုပ်မလဲဆိုတာ အကြံပြုသွားတာ ကောင်းပါတယ်။

နောက်ပြီးတော့ ပေးချင်တာတောင် ပေးချင်တဲ့ ပြည်သူတစ်ယောက်ကလည်း ခက်ခက်ခဲခဲပြီး လိုက်ရှာပြီးတော့ ပေးနေရမှာထက် လုံးဝ One Stop ပဲ ပေးချင်တဲ့သူက ခလုပ်တစ်ချက် နှိပ်လိုက်တာနဲ့ Computer Right ပေးပြီးသား ဖြစ်တဲ့ဟာမျိုးလေးကို အလွယ်တကူ လုပ်ပေးတာလည်း ကောင်းမယ်ထင်ပါတယ်။ ပြည်သူတွေအတွက် ပေးရတာလည်း လွယ်ကူသလို တစ်ဖက်ကလည်း နာမည်ကြီးတွေပေါ့ သူတို့ကလည်း TV တွေကလည်း ပြောတာပေါ့ ကျွန်မတို့ကလည်း ဒီလိုဒီလိုပေးတယ် အင်မတန်ကောင်းတယ် သူတို့တွေက လှုံ့ဆော်တဲ့ဟာမျိုး လုပ်လို့ရှိရင် ပြည်သူတွေလည်း သိလာမယ်ပေါ့။ သူတို့လည်း ပေးချင်တဲ့စိတ်လေးတွေ ပေါ်လာမယ်ပေါ့။ ဒါပေမယ့် ခုနက စီတဇင်ဘတ်ဂျက်လိုမျိုး ပြည်သူတွေကို ဘယ်လိုမျိုး ပြောမလဲဆိုတဲ့ စည်းရုံးမှုပေါ့နော် အခုဆိုရင် ပြည်သူတွေအတွက်ကို အကျိုးရှိရှိ ဘယ်လိုသုံးနေလဲဆိုတာ မသိဘူးဖြစ်နေတယ်။ ဘယ်ဟာကို ဘယ်လိုသုံးနေပါတယ်ဆိုတာကို တိတိကျကျ မသိရဘူးဖြစ်နေတယ်။

ဦးဝဏ္ဏထွန်း (Bank Information Center )

အဲဒါက အခွန်လို့ပြောပြီဆိုရင် ခုနက ဆရာတို့ ဆရာမတို့ ပြောသလိုပဲ ကျွန်တော်တို့က အိတ်ထဲက ပိုက်ဆံကိုပဲ လှမ်းလှမ်းမြင်တယ်။

ကျွန်တော် မနက်ကလည်း ဆွေးနွေးပွဲမှာ ပြောသွားတာရှိတယ်။ အခွန် ကောက်လို့ရတဲ့လမ်းကြောင်းတွေက ခွဲထုတ်လို့ရတယ်။ ခုနကပြောတဲ့ ဆင်းရဲသားတွေလည်း မထိရအောင် ပေးတဲ့သူလည်း မသိသာအောင် နောက်ပြီးတော့ လူတွေကလည်း ကိုယ့်ထဲက ထွက်သွားတာ မသိသာအောင် ကောက်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ပထမ တစ်အချက်က ဘာလဲဆိုရင် ကျွန်တော် အယူအဆအရ အခုဆိုရင် နိုင်ငံစီးပွားရေး ဖွင့်တယ်။ ဈေးကွက်ဖွင့်တယ်။ အဲဒီအတွက် ရင်းနှီးမြှုပ်နံှမှုလာတယ်။ လာတဲ့ရင်းနှီးမြှုပ်မှုတိုင်းလည်း ကောင်းတယ်လို့ ပြောလို့မရဘူး။ လက်ရှိတော့ ရင်းနှီးမြှုပ်နံှ့တယ် ဒါပေမယ့် စက်မှုလုပ်ငန်းတစ်ခုပေါ့ ဥပမာအားဖြင့် သူတို့ပြန်ထွက်သွားတဲ့အချိန်မှာ သူတို့လုပ်ခဲ့တဲ့ လုပ်ငန်းကြောင့် အကျိုးဆက်က အခုမမြင်ရဘူး။ ဒါပေမယ့် နောက် ၅ နှစ်နေရင် သဘာဝပတ်ဝန်းကျင် ပျက်စီးလာတယ် သယံဇာတတွေ ပြုန်းတီးလာတယ် လူတွေအပေါ်မှာ ခုနက ထုတ်ခဲ့တဲ့ အငွေ့တွေ အစရှိသဖြင့် ဒီလို ဘေးထွက်ဆိုးကျိုးတွေ ခံစားရတော့မယ့်ကိစ္စမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒီလို ရင်းနှီးမြှုပ်နံှမှုတွေ လာနိုင်တယ်။ အဲလိုဆို သူများနိုင်ငံတွေမှာ ဘာလုပ်လဲဆိုရင် အဲလိုမျိုး ရင်းနှီးမြှုပ်နှံ့မှုလာမယ်ဆိုရင် ခုနကပြောတဲ့ အခွန်ကို သုံးနှစ်တော့ မကောက်ဘူး ဒီအခွန်ကိုတော့ ကောက်တယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာဖြစ်တဲ့အတွက် တစ်ချိန်မှာ မင်းပြန်ပေးရမယ့်ဟာကို ကြိုကောက်ထားတဲ့သဘောပေါ့ သူများနိုင်ငံမှာတော့ အဲလိုမျိုးတွေ ကောက်တယ်။

နောက်တစ်ခုက ဘာလဲဆိုရင် ကျွန်တော်အယူအဆအရတော့ ပြည်သူပိုင်တဲ့ အရင်းအမြစ်တွေအပေါ်မှာ လူတစ်ဦးတစ်ယောက် ကုမ္ပဏီတစ်ခုက စီးပွားရေးလုပ်မယ်ဆိုရင် အဲဒီလူကို အခွန်ကောက်သင့်တယ်။ ဥပမာအားဖြင့် ကျွန်တော် ဘယ်သူမှ ရည်ရွယ်ပြီး တိုက်ခိုက်လိုစိတ် မဟုတ်ဘူးပေါ့။ ဥပမာ ရန်ကုန်မှာ ရေသန့်စက်ရုံထောင်တယ် ရန်ကုန်မှာ ကျွန်တော် အချိုရည်စက်ရုံအကြီးကြီးထောင်တယ်။ ကျွန်တော်တို့ လူတိုင်းသိတယ် တစ်ချိန်မှာ ရေဒုက္ခရောက်မယ်ဆိုတာ အကုန်လုံးသိကြတယ်။ ဒါပေမယ့် ဒီရေဆိုတဲ့ဟာသည် ပြည်သူအများစုရဲ့ အများပိုင်တဲ့ဟာ ဒီဒေသမှာ ဒီမှာနေတဲ့ပြည်သူတွေ စုပေါင်းပိုင်ဆိုင်တဲ့ဟာ ဒီဟာသည် လူတစ်ယောက်တည်းကနေပဲ ကန်ထရိုက်စွဲပြီးတော့ လုပ်လို့မရဘူး။ သဘောတရားအားဖြင့် သူလုပ်လို့ရတယ်ဆိုရင် ခုနကပြောတဲ့ အချိုရည်ပုလင်းပေါ်မှာ ရေသန့်ဗူးခွံပေါ်မှာ အခွန်ပေးလို့မရဘူး ဘာဖြစ်လို့လဲဆိုတော့ ဒီပစ္စည်းသည် သူပိုင်တာလည်းမဟုတ်ဘူး အစိုးရပိုင်တာလည်းမဟုတ်ဘူး ပြည်သူအားလုံး ပိုင်တဲ့အရာဖြစ်တယ်။ တစ်ချိန်မှာ မြေအောက်ရေထုတ်လိုက်လို့ ကုန်သွားရင် ဘယ်သူ လက်သည်တရားခံလည်းဆိုတာ မေးရတော့မယ် အဲလိုကိစ္စမျိုးတွေဆိုရင် သူတို့အနေနဲ့ အခွန်ကောက်သင့်တယ်။ တိုးသင့်တယ်။

နောက်တစ်ခုက မြေယာအပေါ်မှာ ကောက်တဲ့အခွန် အဲဒါကိုတော့ ကျွန်တော် အမြဲတမ်း တလေးတစား ပြောဖြစ်တယ်ပေါ့။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေ သိထားတာက မြေဆိုတာက ဝယ်ထားရတယ်ပေါ့ ဥပမာအားဖြင့် တစ်ဧကကို သိန်းငါးဆယ်နဲ့ဝယ်တယ် အစာလည်းမကျွေးရဘူး ရေလည်းမတိုက်ရဘူး သူ့ဘာသာသူ ခြံစည်းရိုးလေး နဲနဲခက်ထားလိုက်။ နောက် ၃ နှစ်နေရင် သိန်း ၂၀၀ လည်း ဖြစ်နိုင်တယ်။ ၃၀၀ လည်းဖြစ်နိုင်တယ်။ ဆိုတော့ အဲဒါက ကြည့်လိုက်ရင် မြေဈေးက အရမ်းတက်တယ်ပေါ့။ ကျွန်တော်အယူအဆကတော့ အဲဒါ မြေဈေးတက်တာမဟုတ်ဘူး။ ကျွန်တော်အယူအဆအရ ဒီမြေကို မြေအတိုင်းပဲထားရင် ဘာမှတန်ဖိုးမရှိဘူး။ ကျွန်တော်တို့ဆီမှာကျတော့ မြေကို ထောင်ချီသောင်းချီ ဝယ်ကြပြီးတော့ မြေကစားတယ်ခေါ်တာပေါ့။ ဒီမြေကို ဘယ်အချိန်မှာ တန်ဖိုးရှိလဲဆိုတော့ ဒီမြေအပေါ်မှာ ကျွန်တော်တို့က စီးပွားရေးလုပ်ငန်း တစ်ခုခု လုပ်တဲ့အခါမှာ တန်ဖိုးရှိတယ်။ ဥပမာအားဖြင့် ဒီမြေအပေါ်မှာ စက်ဘီးပြင်ဆိုင်ပဲဖွင့်ဖွင့် ဆိုင်ကယ်ပြင်ဆိုင်ပဲဖွင့်ဖွင့် အဲလိုဖွင့်ထားတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုခုရှိရင် ဒီမြေသည် တန်ဖိုးရှိတယ်။ အဲလိုမှမဟုတ်ပဲ ခြံခတ်ထားပြီးတော့ မြေဝယ်လို့မရဘူး။ မြေကစားလို့ မရဘူးပေါ့။ အဲဒါတွေကျတော့ ဘယ်လိုလုပ်လဲဆိုတော့ သူများနိုင်ငံတွေမှာ ဘယ်လိုလုပ်ကြလဲဆိုတော့ လူတစ်ယောက်က အိမ်ဝယ်တာပဲဖြစ်ဖြစ် မြေဝယ်တာပဲဖြစ်ဖြစ် မိသားစုတစ်စုမှာ အိမ်တစ်လုံးရှိတယ်ဆိုတာ လူတိုင်းသိတယ် လက်ခံတယ် ဝယ်လို့ရတယ်။ ဒါပေမယ့် တစ်လုံးကနေ နှစ်လုံးဖြစ်လာပြီဆိုရင် အခွန်ကို ပထမ ၃၀ ရာခိုင်နှုန်းကောက်မယ် ပထမတစ်လုံးမှာ ဒုတိယတစ်လုံးကျတော့ ဒါ မင်း နဲနဲများလာပြီပေါ့ အဲဒီအတွက် ၅၀ ရာခိုင်နှုန်း တိုးပြီးတော့ကောက်တယ်။ နောက်ထပ် ပက်ဆံရှိလို့ ထပ်ယယ်တယ် ထပ်ဝယ်ရင် အခွန်ထပ်ပေး ၇၀ ရာခိုင်နှုန်းကောက်တယ် ဆိုတော့ နောက်ထပ် ထပ်ဝယ်ချင်တာလား လေးလုံး ဒါဆိုလို့ရှိရင် ၁၀၀ ရာခိုင်နှုန်းကောက်မယ်၊ ဆိုတော့ ကျွန်တော်တို့နိုင်ငံနဲ့က ပိုကိုက်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ မြေယာမဲ့ လူဦးရေနဲ့ မြေကြီးပေါတဲ့နိုင်ငံမှာ လူတွေနေစရာမရှိတာ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောသလို မြေကစားနေလို့။ မြေဆိုတာ ကစားတဲ့အရာမဟုတ်ဘူးပေါ့ တချို့တချို့လူတွေဆိုရင် မြေဧက ဘယ်လောက်ရှိမှန်း မသိကြဘူး။ သာမာန်လူတွေမှာလည်း မြေ လေးငါးဆယ်ဧကရှိတယ် လူလည်းမနေကြဘူး အဲလိုမျိုး လုပ်မယ့်အစား အဲလူတွေကို မှန်တယ် ဝယ်တုန်းက ဘယ်လောက်လဲ တန်ရာတန်ကြေးပြန်ပေးမယ်၊ နောက်ပြီးတော့ စီးပွားရေးလုပ်ငန်း မဖြစ်မနေ လုပ်ခိုင်းတဲ့ဟာမျိုးကို လုပ်သင့်တယ်ပေါ့။

ဦးကျော်ဇေယျ (ဦးစီးမှူး)

ပြည်တွင်း အခွန်ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး။

ဟုတ်တယ် ကိုဝဏ္ဏပြောတာ မှန်ပါတယ်။

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

ဆရာ ဝင်ငွေကို အဲလိုမျိုး ဘယ်လို Progressive ဖြစ်အောင် ဘယ်လိုကောက်မလဲ။

ဦးကျော်ဇေယျ (ဦးစီးမှူး)

ပြည်တွင်း အခွန်ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး။

ကျွန်တော်တို့ ပြည်တွင်းအခွန်များ ဦးစီးဌာနကတော့ အများဆုံးကတော့ ၃၀ ရာခိုင်နှုန်းပဲ ဖြစ်နေတယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ တခြားနိုင်ငံမှာလည်း ရှိနေပါတယ်။ Property Test လား အဲဒါတွေလည်း ဆက်လုပ်ဖို့ အစီအစဉ်ရှိနေတယ်လို့လည်း ကြားသိရပါတယ်။

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

ဟုတ်ကဲ့ပါ။ ကောင်းပါတယ် ဒီလိုမျိုး တခြားနိုင်ငံက အတွေ့အကြုံတွေကို မှီပြီးတော့မှ ကျွန်မတို့နိုင်ငံက ဝင်ငွေတွေ ပိုရတဲ့နည်းလမ်းပါပဲ။ ပိုပြီးတော့မှ သုံးနိုင်တဲ့သူတွေက ပိုပေးရတဲ့ နည်းစနစ်ပေါ့။ ဟုတ်ကဲ့ပါ အခုလိုမျိုး ပါဝင်ဆွေးနွေးပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။

အပိုင်း (၁) ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်။http://www.mizzimaburmese.com/article/22517အပိုင်း ( ၂ ) ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်။http://www.mizzimaburmese.com/article/22616

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly