နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဂွါတာနာမို အကျဉ်းထောင် ပိတ်သိမ်းဖြစ်တော့မည်

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဂွါတာနာမို အကျဉ်းထောင် ပိတ်သိမ်းဖြစ်တော့မည်

အိမ်ဖြူတော်က စီစဉ်နေသည့် အငြင်းပွားဖွယ် နာမည်ဆိုးဖြင့် ကျော်ကြားသော ဂွါတာနာမိုအကျဉ်းထောင် ပိတ်သိမ်းရေး အစီအစဉ် သည်ဖြစ်မြောက်ပြီးစီး ကာနီးပြီဖြစ်ကြောင်းပြောရေး ဆိုခွင့်ရှိသူတစ်ဦး ကပြောကြားသည်။

ပြောရေးဆိုခွင့်ရှိသူဂျော့ရှ်အားနက်စ်က ဂွါတာနာမိုအကျဉ်းထောင်ကို ပိတ်ပစ်ရခြင်းသည် အမျိုးသားလုံခြုံရေး အကျိုးစီးပွားအတွက် ပင်ဖြစ်ကြောင်းပြောသည်။

ကျူဘားရှိ ဂွါတာနာမိုပင်လယ်အော်တွင် တည်ရှိသည့် ယင်းအကျဉ်းစခန်းပိတ်သိမ်းခိုင်းခြင်းသည် သမ္မတအိုဘားမား ၂၀၀၈ ခုနှစ် စတင်ရွေးကောက်ခံရချိန်ကာလ ဦးဆုံးညွန်ကြားချက်များမှ တစ်ခုအပါအဝင်ဖြစ်သည်။

အကျဉ်းသားများကို စတင်ကာ ထောင်ပြောင်းရွှေ့ပေးမှုများလုပ်ဆောင်ခဲ့ရာ ၁၂၂ ဦး ပြောင်းရွှေ့ပေးခဲ့သည်။ အကျဉ်းထောင်တွင် ၂၀၀၃ ခုနှစ်အတွင်းက အများဆုံးထောင်ထားချထားသူဦးရေသည် ၆၈၄ ဦးရှိခဲ့သည်။

ယခုတွင် ထောင်ပိတ်သိမ်းရေး နောက်ဆုံးအဆင့်ကိုရောက်ပြီဖြစ်ကြောင်း၊ သမ္မတ၏ ဦးစားပေးအစီအစဉ်ဖြစ်၍ အမျိုးသား လုံခြုံရေး တာဝန်ရှိသူမျာက လုပ်ဆောင်လျက်ရှိနေကြောင်း အားနက်စ်ကပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly