မလေးရှားနိုင်ငံ အရှေ့ဘက်တွင် ရွှေ့ပြောင်းများ လိုက်ပါလာသော ရေယာဉ်နစ်မြုပ်၊ ရုပ်အလောင်း ကိုးလောင်း ရှာတွေ့ထား

မလေးရှားနိုင်ငံ အရှေ့ဘက်တွင် ရွှေ့ပြောင်းများ လိုက်ပါလာသော ရေယာဉ်နစ်မြုပ်၊ ရုပ်အလောင်း ကိုးလောင်း ရှာတွေ့ထား

ဇန်နဝါရီ ၂၃ ။        ။ မလေးရှားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းပြင်ပတွင် ဇန်နဝါရီ ၂၃ ရက်က တရားမဝင်ရွှေ့ပြောင်းများ လိုက်ပါလာသော သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပွားရာ ကိုးဦးသေဆုံးခဲ့ကြောင်းနှင့် လူပေါင်းများစွာ ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောသည်။

ယခုအခါ Mersing မြို့အနီး ကမ်းခြေသို့ အမျိုးသမီးအလောင်းခြောက်လောင်းနှင့် အမျိုးသားအလောင်း သုံးလောင်း လာတင်နေသည်ကို တွေ့ထားရကြောင်း မလေးရှား ပင်လယ်ရေကြောင်း   အေဂျင်စီက ထုတ်ပြန်သည်။

" ဒီရေယာဉ်မှာ အင်ဒိုနိုင်ငံသား ၄၀ လောက် လိုက်လာမယ်လို့ ထင်ပါတယ်၊ သူတို့တွေအားလုံး တရားမဝင် ရွှေ့ပြောင်းသွားလာသူတွေဖြစ်ကြပါတယ်" ဟု အေဂျင်စီမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး က ပြောသည်။

အဆိုပါ ရေယာဉ်မှာ အင်ဒိုနီးရှားမှ မလေးရှားသို့ ဦးတည်ခုတ်မောင်းစဉ်နစ်မြုပ်သွားခြင်းဖြစ်ကြောင်းလည်း သိရသည်။ ယခုအခါ ကျန်ခရီးသည်များကို ရှာဖွေကယ်ဆယ်နေလျက်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာလကလည်း ထိုကဲသို့ ရွှေ့ပြောင်းအင်ဒိုနိုင်ငံသားများ လိုက်ပါလာသော စပိဘုဒ်တစ်စီး နစ်မြုပ်မှု ဖြစ်ပွားထားခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags