အိန္ဒိယ ရထားလမ်းချော်မှု သေဆုံးသူ ၃၉ ဦးထိ ရှိလာ

အိန္ဒိယ ရထားလမ်းချော်မှု သေဆုံးသူ ၃၉ ဦးထိ ရှိလာ

ဇန်နဝါရီ ၂၃ ။             ။ အိန္ဒိယနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ရထားလမ်းချော်မှုကြောင့် ယခုအခါ သေဆုံးသူဦးရေမှာ ၃၉ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ကယ်ဆယ်ရေးသမားများမှာလည်း ယင်းနေ့တစ်နေ့လုံး ရထားတွဲအပျက်အစီးများကြားမှ အသက်ရှင်ကျန်ရစ်သူများကို ဆွဲထုတ်ကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ကြရသည်။

ဇန်နဝါရီ ၂၁ ရက် ည ၁၁ နာရီဝန်းကျင်ခန့်က အန်ဒရာပရာဒက်ရှ် ပြည်နယ်တွင် တွင် အဆိုပါရထားတွဲ ခေါင်းတွဲနှင့် တွဲရှစ်တွဲ လမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်တွင် မွိုက်စ်သူပုန်များ၏ စနက် ကင်းမကင်း တာဝန်ရှိသူများက သံသယရှိနေကြသည်။

" သေဆုံးသူဦးရေ ၃၉ ယောက်ထိ ရှိလာပါပြီ" ဟု နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း မီးရထားဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဂျေပီ မစ်ရှရာက ပြောသည်။

လမ်းချော်သွားသည့် တွဲများပေါ်တွင် ခရီးသည် ၆၀၀ ခန့် လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ယခုဖြစ်စဉ်တွင် ယင်းဒေသတစ်ဝိုက် ထကြွသောင်းကျန်းနေသော မွိုက်စ် သူပုန်များ၏ လက်ချက်ဖြစ်နိုင် မဖြစ်နိုင် သက်ဆိုင်ရာအာဏာပိုင်များက စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်းလည်း အမျိုးသားရထားပို့ဆောင်ရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် အနီလ် ခူမာ ဆက်ဇီနာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly