အမေရိကန် အရှေ့တောင်တွင် အားပြင်းလေဆင်နှာမောင်း တိုက်ခတ်၍ လူ ၁၆ ဦးသေဆုံး

အမေရိကန် အရှေ့တောင်တွင် အားပြင်းလေဆင်နှာမောင်း တိုက်ခတ်၍ လူ ၁၆ ဦးသေဆုံး

နယူးယောက်၊ ဇန်နဝါရီ ၂၃ ။                       ။ အမေရိကန်အရှေ့တောင်ပိုင်းတွင် အားပြင်းလေဆင်နှာေမောင်းတိုက်ခတ်ပြီး အပျက်အစီးများဖြစ်ပေါ်ကာ သေဆုံးသူပေါင်း ၁၆ ဦးရှိကြောင်း အာဏာပိုင်များက ပြောသည်။

ဂျော်ဂျီယာပြည်နယ် ဒေါက်ဟတ်တီစီရင်စုတွင် ရွှေ့ပြောင်းအိမ်များ ပျက်စီးခြင်းကြောင့် မိသားစုဝင်များ လမ်းဘေးစုပုံသောင်တင်ရစ်သည်။ သစ်ပင်များလည်း ပြိုလဲကြောင်း စီရင်စုကော်မရှင်နာမင်းကြီး ချာရစ်ကိုဟီလက်စ်က ပြောသည်။

“တော်တော်လေး အဖျက်အားကြီးတဲ့ မုန်တိုင်းပါ။ နျူကလီးယားဗုံးပေါက်သွားသလိုပဲ။ ဒီလို အပျက်အစီးကြီးတဲ့ မုန်တိုင်းမျိုး ကျွန်တော် မကြုံဖူးဘူး။”ဟု ၎င်းက ဖေ့ဘုတ်ဗီဒီယိုတွင် ပြောခဲ့သည်။

မုန်တိုင်းကြောင့် သေကျေပျက်စီးမှုသတင်းကို အာဏာပိုင်များက ထုတ်ပြန်သေးခြင်း မရှိပေ။ နိုင်ငံ၏ အရေးပေါ်စီမံခန့်ခွဲမှုဌာနက မုန်တိုင်းဒဏ်သင့်ဒေသခံများအတွက် ယာယီခိုလှုံရေးစခန်းများ တည်ဆောက်ပေးနေကြောင်း တွစ်တာတွင် ရေးသားသည်။

မုန်တိုင်းကြောင့် ဂျောဂျီယာပြည်နယ် ကျေးလက်ပိုင်းတွင် ၁၂ ဦးသေဆုံးကြောင်း အရေးပေါ်စီမံခန့်ခွဲမှုဌာနနှင့် ပြည်တွင်းလုံခြုံရေးအေဂျင်စီတို့အရ သိရသည်။

မစ္စစ္စပီပြည်နယ်တွင် လေးဦးသေဆုံးကာ ဒဏ်ရာရသူ ၂၀ ထက်နည်းရှိကြောင်း အရေးပေါ်ဝန်ဆောင်မှုအေဂျင်စီက ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျော်ဂျီယာအုပ်ချုပ်ရေးမှူးထံ ဝမ်းနည်းကြောင်း ပေးပို့ရာတွင် မုန်တိုင်းက အားပြင်းမုန်တိုင်းဖြစ်ကြောင်းကို ဖော်ပြခဲ့သည်။ အလာဘာမားနှင့် ဖလော်ရီဒါတို့တွင်လည်း ယင်းမုန်တိုင်းဒဏ်ကို ကြုံတွေ့ရကြောင်း ၎င်းက ရေးသားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly