အရစ်ကျစနစ်နဲ့ ရောင်းဝယ်မှုတွေရှိလာတာကြောင့် အိမ်ခြံမြေစျေးကွက် အဝယ်ပါးကာ စျေးအနည်ငယ်ကျဟုဆို

အရစ်ကျစနစ်နဲ့ ရောင်းဝယ်မှုတွေရှိလာတာကြောင့် အိမ်ခြံမြေစျေးကွက် အဝယ်ပါးကာ စျေးအနည်ငယ်ကျဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။          ။ ၂၀၁၆ တစ်နှစ်စာလုံးအတွက် မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်က အဝယ်နည်းပါးပြီး ဈေးအနည်းငယ် ကျဆင်းသွားခဲ့တယ်လို့ ဈေးကွက်ထဲက သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဒီနှစ်ထဲမှာအိမ်ခြံမြေအရောင်းပြပွဲတွေ အကြိမ်ရေများများ ပြုလုပ်လာတာကိုလည်း ဒီနှစ်ရဲ့ အိမ်ခြံမြေဈေးကွက် ထူးခြားချက်လို့လည်းအိမ်ခြံမြေလုပ်ငန်းရှင်တွေကပြောဆိုကြပါတယ်။

၂၁၀၄ ခုနှစ်ကနေဆက်တိုက်ကျဆင်းလာတဲ့ အိမ်ခြံမြေဈေးကွက်က ၂၀၁၆ခုနှစ် နှစ်လယ်ပိုင်းမှာတော့ အရောင်းအဝယ်နည်းနည်းပါးပါးနဲ့ တည်ငြိမ်စ ပြုလာပါတယ်။ ဒါပေမယ့် နှစ်ကုန်ပိုင်းမှာအရောင်းအဝယ်တွေ အေးစက်ခဲ့ပြီးအငှားဈေးကွက်တော့ လှုပ်ခတ်မှုတွေ ရှိလာနေတယ်လို့ ဝါရင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးကပြောပြလာပါတယ်။

စိုင်းခွန်နောင်ကုမ္ပဏီလီမိတက် ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းခွန်းနောင်က "၂၀၁၆ မှာတော့ နှစ်စပိုင်းကနေ နှစ်လယ်လောက်ထိကတော့ နည်းနည်းလေးကောင်းသေးတာပေါ့နော်။ ဒီနှစ်လယ်လောက်ကနေ အခုချိန်ထိက တဖြေးတဖြေးအေးကျသွားတာအခုဆိုအေးပြီးတော့ ဒီလပိုင်းလမှာနည်းနည်းလေး ပြန်ဖြစ်လာတယ်လို့ သုံးသပ်လို့ရပါတယ်။" လို့ မဇ္ဈိမကိုပြောပါတယ်။

အဲဒါကြောင့် အေးနေတဲ့ဈေးကွက်ကို ပြန်လည်လှုပ်ခတ်လာဖို့အတွက် အိမ်ခြံမြေအရောင်းပြပွဲတွေကို အခုနှစ်ထဲမှာ ခပ်စိတ်စိတ်ပြုလုပ်လာနေပြီး အဲဒီလိုအရောင်းပြပွဲတွေမှာ သူ့ထက်ငါအပြိုင် ဈေးလျှော့ရောင်းတာတွေရှိသလို အရစ်ကျ ဝယ်ယူနိုင်အောင် ရောင်းချပေးနေတာတွေလည်းမြင်တွေကြရပါတယ်။

"ဒီပြပွဲအတွင်းမှာလျှော့ဈေးတွေကို ၅% ကနေ ၂၀% အထိ အထူးလျှော့ဈေးတွေနဲ့ ရောင်းချပေးခဲ့တယ်။ တစ်ဖက်ကတော့ အရစ်ကျစနစ်ကို တစ်နှစ်ကနေပြီးတော့ ၁၂ နှစ်ထိဝယ်လို့ရမယ့် အရစ်ကျစနစ်တွေ ထည့်သွင်းထားရှိပေးခဲ့တယ်။ အဲဒါမျိုးဖြစ်တဲ့အတွက်ကြောင့် အပြင်အိမ်ခြံမြေလောကမှာ အရောင်းအဝယ်တွေကတော့အေးနေတယ်။ ဒီလိုမျီုးအိမ်ခြံမြေအရောင်းပြပွဲတွေလုပ်တယ်   လျှော့ဈေးတွေနဲ့ ရောင်းချပေးတယ်။ အရစ်ကျစနစ်တွေနဲ့ ရောင်းချပေးတယ် ဒါကြောင့် ပြပွဲအတွင်းမှာ အရောင်းအဝယ်တွေ   တော်တော်များများဖြစ်တာကိုတွေ့ရပါတယ်။" လို့ iMyanmarHouse.com.mm ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦနေမင်းသူက ပြောပါတယ်။

ဘဏ်တွေနဲ့ ချိတ်ဆက်ပြီးအရစ်ကျ ရောင်းဝယ်နိုင်ဖို့ကို ၂၀၁၅ ခုနှစ်မှာဆောက်လုပ်ရေးနှင် အိမ်ယာဖွံ့ဖြိုးရေဘဏ်ကနေပထမဆုံးလုပ်ဆောင်ခဲ့ပြီး  ၂၀၁၆ ခုနှစ်မှာတော့ အခြားပုဂ္ဂလိကဘဏ်တွေပါ လုပ်ဆောင်လာတာတွေ ရှိလာနေပြီးလို့ သိရပါတယ်။

"ပြပွဲလုပ်ခြင်းအားဖြင့်တော့ သူတို့အတွက် အကျိုးရှိပါတယ်။ Developer တွေအတွက် ရောင်းရတယ်လို့ကြားတယ်။ နောက်တဖြေးဖြေးနဲ့ သူတို့ ပရိုးမိုးရှင်တွေအပြိုင်အဆိုင်လုပ်ရင်းနဲ့ တကယ်နေမယ့်သူတွေအတွက်တော့ ကောင်းလာတာပေါ့လေတဖြေးဖြေးကြားလာရတာ ၈ နှစ်တို့ ဆယ်နှစ်တို့ တစ်ခါမှ မရှိဘူးတဲ့ အင်စတောမန်နဲ့ ဝယ်ယူရရှိတဲ့အခွင့်အရေးတွေ ပိုလာတာပေါ့လေနော်။ ဒီကြားထဲမှာ နောက်ဆုံးလုပ်ထားတဲ့ပွဲဆိုရင် သိန်း (၁၀၀) တန်လောက်ကိုဘဲ ၃၀ % လောက်ချေလို့ှရှိရင် အိမ်လက်ရောက်ပေးအပ်မယ်၊ ကျန်တာကိုခုဏရှစ်နှစ်တို့ ဆယ်နှစ်တို့ ပုံမှန် ဝင်ငွေ၇နေသူတွေအနေနဲ့ ဝယ်ယူခွင့်ရတဲ့အနေအထားမျိုးတွေ တွေလာရတယ်လေတန်းဖိုးနည်းတွေ လုပ်ပေးတဲ့နေရာမှာ ကြီးကြီးမားမားပေးပြီးမဝယ်နိုင်တဲ့သူတွေအတွက်တော့ အခွင့်အရေးတစ်ရပ်လို့ မြင်ပါတယ်။" လို့ ဦးစိုင်းခွန်းနောင်က ပြောပါတယ်။

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်ကိုအတည်ပြုနိုင်ခဲ့ပြီးကွန်ဒိုမီနီယံဥပဒေကိုလည်းလွှတ်တော်ကအတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီ့ဥပဒေတွေအနေနဲ့ နည်းဥပဒေထွက်ရှိဖို့ ကျန်နေသေးပြီးနည်းဥပဒေထွက်ရှိလာတဲ့ အခါမှာလည်း နိုင်ငံခြားသားနေထိုင်သူတွေအတွက် ဥပဒေပြဌာန်းချက်အတိုင်း ကွန်ဒိုအိမ်ခန်း ဝယ်ယူခွင့်ရှိလာမှာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly