အိန္ဒိယတွင် မီးရထားလမ်းချော်မှုကြောင့် လူပေါင်း၂၇ဦးသေဆုံးခဲ့

အိန္ဒိယတွင် မီးရထားလမ်းချော်မှုကြောင့် လူပေါင်း၂၇ဦးသေဆုံးခဲ့

ဇန်နဝါရီ ၂၂ ။            ။ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မီးရထားလမ်းချော်မှုကြောင့် ခရီးသည်အနည်းဆုံး ၂၇ဦးသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများကို အပျက်အစီးများကြားထဲမှ ယနေ့ တနင်္ဂနွေနေ့၌ ကယ်ဆယ်ရေးလုပ်သားများက ဆွဲထုတ်နိုင်ရန် ခက်ခက်ခဲခဲကြိုးပမ်းနေကြသည်။

တွဲပေါင်းရှစ်တွဲနှင့် ဂျက်ဒယ်လ်ပါဘူဘာနက်စ်ဝါစက်ခေါင်းတပ်အမြန်ရထားသည် စနေ့နေ့ည ၁၁နာရီဝန်းကျင်၌ အန်ဒရာပရာဒက်ရှ်ပြည်နယ်မှ ခေါင်ခိုက်သောဗစ်ဇီရန်နာဂရမ်ခရိုင်အတွင်းရှိ ကူနာရုမီးရထားဘူတာအနီးတွင် လမ်းချော်ပြီးတိမ်းမှောက်ခဲ့သည်။

“ကျနော်တို့အတည်ပြုနိုင်တာကတော့ သေဆုံးမှုဟာ၂၇ဦးထိမြင့်တက်သွားခဲ့ပြီး လူပေါင်း၅၀လောက်လည်းဒဏ် ရာရရှိခဲ့ပါတယ်” လို့ အရှေ့ကမ်းရိုးတန်းမီးရထားဌာနမှ   ပြောရေးဆိုခွင့်ရှိသူ ဂျေပီမစ်ရှရာက ပြောကြားခဲ့သည်။

“သေဆုံးမှုဟာမြင့်တက်လာနိုင်ချေရှိသလို ကယ်ဆယ်ရေးကြိုးပမ်းမှုများကိုလည်းလုပ်ဆောင်နေပါတယ်”လို့ ဆက်ပြောခဲ့သည်။

ပြီးခဲ့သောနှစ်လခန့်ကလည်း ယခုလိုမတော်တဆဖြစ်မှုနှင့်ပုံစံတူသောဘေးဒုက္ခမျိုးကြုံတွေ့ခဲ့ရပြီး လူပေါင်း ၁၅၀ နီးပါးခန့်အသက်သေဆုံးခဲ့ရသည်။

မစ်ရှရာက ဒဏ်ရာရှိသူများအား အနီးအနားရှိဆေးရုံများသို့လွှဲပြောင်းပို့ဆောင်ခဲ့ပြီးပြီဖြစ်တယ်လို့ ပြောခဲ့သည်။

အမျိုးသားမီးရထားဌာနမှပြောရေးဆိုခွင့်ရှိသူ အန်နီလ်ဆက်စီနာ က အစိုးရအရာရှိများနှင့် အရေးပေါ်လုပ်သား များဟာ အသက်ရှင်ကျန်ရစ်သူများကိုကယ်ဆယ်နိုင်ရန် တစ်ညလုံးကြိုးပမ်းနေကြောင်းပြောခဲ့သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly